ဧရာ၀တီတိုင်းမ်
ဧပြီ ၂၆ ရက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မြို့၀င်ပေါက်များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်လွတ် လပ်ရေးတပ်မတော် (KIA) ၏ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

KIA သည် ယနေ့ ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လိုင်ဇာမြို့အ၀င် ဆိုင်းဘုတ်များကို စိုက်ထူနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ကဆိုထားသည်။

“ယနေ့မနက် အ၀င်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ အောင်ပွဲခံခြင်း မဟုတ်ပါ”ဟု ဗိုလ်ချုပ် ဂွန်မော်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် လိုင်ဇာမြို့၀င်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့သည့် အတွက် ဒေသခံပြည်သူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုအရသာကို ပြန်လည်ရရှိကြပြီဖြစ် ကြောင်းကို “၁၀ နှစ်ကျော်မှ လိုင်ဇာ၀င်ပေါက်များ ပြန် ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်” ဟုလည်း ရေးသားထားသည်။

တစ်နိုင်ငံလုံး လွတ်လပ်မှုအရသာကို ခံစားနိုင်ရန် ဆက်လက်ကြိုးစားကြရပါဦးမည်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဆိုထားပြီး ” မိတ်ဆွေ သုံး ကောင် အဆင်ပြေပါတယ်။ ကချင်စကားတော့ သိပ်နားမလည်ကြသေးပါဘူး” ဟူ၍လည်း မှတ်ချက်ပြုထားသည်။

ဓာတ်ပုံ-Gunmaw Sumlut
#ကချင် #လိုင်ဇာ #KIA #ဗိုလ်ချုပ်ဂွန်မော် #Ayeyarwaddy_Times