
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ကျားဟောင်ဟာ ကြာသပတေး နေ့က ပေကျင်းမြို့တော်မှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့ တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေ နှိမ်နင်းရာမှာ တရုတ်နဲ့မြန်မာကြား ပူးတွဲ ကြိုးပမ်းမှုတွေမှတစ်ဆင့် အထင်ကရ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဝမ်ကျားဟောင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်-မြန်မာဆက်ဆံရေးကို မဟာဗျူဟာမြောက်အမြင်တစ်ရပ်မှ အမြဲ ရှုမြင် ခဲ့တယ်လို့ ဝမ်ကျားဟောင်က ဆိုပါတယ်။
တရားဉပဒေစိုးမိုးရေးမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံကြားနဲ့ ဒေသတစ်ခုလုံး လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောသော ဖွံ့ဖြိုးတိုး တက်မှု ဖြစ်ရေးအတွက် လောင်းကစား၊ မူးယစ်မှောင်ခိုမှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက် ရာမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရာမှာ မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အသင့် ရှိတယ်လို့ ၎င်းက ပြောပါတယ်။
နှစ်နိုင်ငံကြား တရားဉပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ ရလဒ်ကောင်း တွေ ပိုမိုရရှိရေး လက်တွဲဆောင်ရွက်ဖို့ မြန်မာနိုင်ငံက ဆန္ဒရှိတယ်လို့ ရာပြည့်က ပြောပါတယ်။
မြန်မာနဲ့တရုတ်ကြား အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး အပါအဝင် နယ်ပယ်ပေါင်းစုံမှာ ပူး ပေါင်းဆောင်ရွက်မှု ပိုမို ပြုလုပ်သွားမယ်လို့ သူက ကတိပြုပါတယ်။
ကိုးကား – Xinhua
Ref; China’s police chief meets Myanmar’s union minister for home affairs
#Ayeyarwaddy_Times