ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

မြန်မာအရှေ့ပိုင်းက တိုက်ပွဲတွေ နယ်စပ်ကို ရောက်ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေစဉ် ကိုယ်ကျိုးအတွက် သူ့ပိုင်နက်ကို အသုံးမချဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုင်းနိုင်ငံက သတိပေးလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောပါတယ်။

“ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒေသတွင်း လေယာဉ်တွေ ဝင်ရောက်လာ ခြင်း ရှိ မရှိနဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သတင်းစကားတစ်ခု ပါးလိုက်ပါ တယ်” သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ ဒီလေယာဉ်တွေကို ဟန့်တားနိုင်တဲ့စွမ်းရည် ရှိပါတယ်။ ဒါဟာ ချစ်ကြည်ရင်းနှီး တဲ့ သတင်းစကားတစ်ခုဖြစ်ပေမယ့် သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပေမယ့် ယခင် လုပ် ထုံးလုပ်နည်းတွေက အလုပ်မဖြစ်ဘူးလို့ နိုင်ငံရေး သုံးသပ်လေ့လာသူ Panitan Wattanayagorn က ပြော ပါတယ်။

ထိုင်းအစိုးရရဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ကြားနေဝါဒကျင့်သုံးမှုက နယ်စပ်လုံခြုံရေးမှာ ပြည်သူ့ယုံကြည်မှု ပြန်လည်ရရှိိဖို့ မလုံလောက်ဘူးလို့ သူ က ထောက်ပြပါတယ်။

မြဝတီမြို့မှာ တိုက်ပွဲတွေ ပိုမို ဖြစ်လာတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပေမယ့် အခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ မျှော်လင့်ကြောင်း ထိုင်းအစိုးရဝန်ကြီးတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အခြေအနေ တိုးတက်လာခဲ့ပြီး မြေပြင်မှာ အဖွဲ့အစည်းတွေရဲ့ ကောင်း မွန်စွာ စောင့်ရှောက်မှုကို မြင်တွေ့ရပါတယ်” လို့ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောပါ တယ်။

ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ မဲဆောက်မြို့သို့ ဘေးကင်းစွာ သွားရောက်နိုင်ပြီး နယ်စပ်ကုန် သွယ်မှုဟာ စီးဆင်းနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မဲဆောက်ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ဖြစ်ပြီး ဘယ်လို ဖြစ်နိုင်ချေကိုမဆို တုံ့ ပြန်ဖို့ ကျွန်တော်တို့ ကောင်းစွာ ပြင်ဆင်ထားပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – Benar News
Ref; Thailand warns Myanmar junta and rebels against using its soil

#Ayeyarwaddy_Times