ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

အကျပ်အတည်းဖြေလျှော့ဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိရေး မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံလောက် လက်တွဲဆောင်ရွက်နေပေမယ့် လူသားချင်းစာနာမှု အကူ အညီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရပ်တည်ချက်ကတော့ မပြောင်းလဲဘူးလို့ ထိုင်းနိုင်ငံက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ထိုင်းနိုင်ငံဟာ ASEAN Troika ခေါ် အစည်းအဝေး တွေ ကျင်းပရေးအတွက် လက်ရှိ အာဆီယံဉက္ကဌ လာအိုနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။

ASEAN Troika ဆိုတာ အာဆီယံအဖွဲ့ရဲ့ ယခင်၊ လက်ရှိနဲ့ အနာဂတ် ဉက္ကဌတိုင်းပြည်များမှ နိုင် ငံခြားရေးဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာ့အရေး ငြိမ်းချမ်းရေးဆောင်ရွက် ပေးဖို့ စိတ်ဝင်စားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဆိုပြုထားတဲ့ အစည်းအဝေးတွေကို ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ထိုင်းနိုင်ငံက မြန်မာစစ် ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စေ့စပ်ညှိနှိုင်းမှုတွေ အကျိုးဆောင်ပေးဖို့ အသင့်ရှိတယ်လို့ Nikorndej Balankura က ပြောပါတယ်။

လက်ရှိပဋိပက္ခဟာ ထိုင်းနိုင်ငံနဲ့မြန်မာကြား မဟုတ်ဘဲ ထိုင်းအစိုးရက အမျိုးသားလုံခြုံရေး၊ နိုင် ငံတကာဆက်ဆံရေးနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို အလေးထားပြီး စစ်ပွဲဒဏ်သင့် အုပ်စုအားလုံး ကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်မယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်က ရှင်းလင်းတယ်လို့ သူက ဆိုပါတယ်။

မြန်မာပဋိပက္ခဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံကိုသာမက တိုင်းပြည်တိုင်းကို သက် ရောက်မှုဖြစ်စေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“မြန်မာပဋိပက္ခမှာပါတဲ့ အဖွဲ့အစည်းတွေကြား စေ့စပ်ညှိနှိုင်းမှုတွေမှာ အကျိုးဆောင်ပေးဖို့ ထိုင်း နိုင်ငံက အသင့်ရှိပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Thailand proposes peace plan

#Ayeyarwaddy_Times