ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

ထိုင်းနိုင်ငံဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မတည်ငြိမ်မှု အခြေအနေကို စီမံခန့်ခွဲမယ့် အ ထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒုတိယဝန်ကြီးချုပ် ပန်ပရီးဘာဟက်ဒါနူကာရာက ဉက္ကဌအဖြစ် တာဝန်ယူတဲ့ အထူးကော်မတီ ဖွဲ့စည်းမှုကို ဝန်ကြီးချုပ် Srettha Thavisin က လူမှုကွန်ရက် X မှာ ကြေညာခဲ့ပါတယ်။

ကော်မတီရဲ့အခန်းကဏ္ဍမှာ အလုံးစုံအခြေအနေကို စောင့်ကြည့်ခြင်း၊ ချင့်တွက်ခြင်းနဲ့ ဆန်းစစ် လေ့လာခြင်းတို့ ပါဝင်မယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ဉက္ကဌလည်းဖြစ်သူ Srettha Thavisin က ပြောပါတယ်။

“ကော်မတီဟာ မြန်မာပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို စီမံခန့်ခွဲရာမှာ ထင်မြင်ယူ ဆချက်တွေ၊ အကြံဉာဏ်တွေပေးဖို့လည်း တာဝန်ရှိမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဟာ နယ်စပ်တစ်လျှောက် အခြေအနေကို အကဲဖြတ်ဖို့နဲ့ ဒေသန္တရ အဖွဲ့အစည်းတွေနဲ့ မဲဆောက်မြို့က ပြည်သူတွေကို အကူအညီပေးဖို့ အင်္ဂါနေ့က တက်ခ်ပြည်နယ်၊ မဲ ဆောက်မြို့သို့ သွားရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း အတည် ပြုခဲ့ပါတယ်။

ခရီးစဉ်အတွင်း ပန်ပရီးဟာ နယ်စပ်တစ်လျှောက် အခြေအနေနဲ့ပတ်သက်တဲ့ ရှင်းပြချက်တွေကို နားထောင်ခဲ့ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွေကိစ္စ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော် ပြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ပဋိပက္ခကြောင့် ပြည် သူ ၁၂၀၀ ကျော် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Thailand sets up ad hoc committee to monitor unrest near border

#Ayeyarwaddy_Times