ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

တာဝေးပစ်ဒုံးကျည်တွေနဲ့ ကျည်ဆံ ၄ သန်း အပါအဝင် ယူကရိန်းသို့ ဒေါ်လာ သန်း ၆၂၀ တန် ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီပေးဖို့ ဗြိတိန်နိုင်ငံက ကတိပြုလိုက်ပါတယ်။

တတိယနှစ်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ် အရှေ့ပိုင်းစစ်မျက်နှာမှာ ရုရှားတပ်ဖွဲ့ တွေကို ခုခံဖို့ ယူကရိန်းက ရုန်းကန်နေရချိန်မှာ အခုလို ဗြိတိန်က စစ်ရေးအကူအညီပေးဖို့ ကြေညာတာ ပါ။

အကူအညီပေးမှု အတည်ပြုဖို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့ပြီး ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းသို့ ဗြိတိန်က ပံ့ပိုးကူညီဖို့ ကတိပြုခဲ့ပါ တယ်။

ယူကရိန်းအတွက် အကူအညီ ထပ်မံပေးရေး ဆွေးနွေးဖို့အရေး ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်ခ်၊ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘဂ်တို့နဲ့ တွေ့ဆုံဖို့ ဆူနတ်ခ်ဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ ပိုလန်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

မော်တော်ယာဉ် ၄၀၀ စင်း၊ စက်လှေ ၆၀ စင်း၊ ခဲယမ်းမီးကျောက် ၁၆၀၀ နဲ့ ကျည်ဆံ ၄ သန်း အ ပါအဝင် ယူကရိန်းသို့ ပေါင် သန်း ၅၀၀ နဲ့ညီမျှတဲ့ ဒေါ်လာ သန်း ၆၂၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေး မယ်လို့ ဆူနတ်ခ်က ကြေညာမယ်လို့ ခရီးစဉ်မတိုင်မီ ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်ရဲ့ ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ ရုရှားပစ်မှတ်တွေကို ထိထိရောက် ရောက် ပစ်ခတ်နိုင်တဲ့ မိုင် ၁၅၀ အကွာအဝေးထိ ရောက်ရှိနိုင်သော တာဝေးပစ်ဒုံးကျည်တွေလဲ ပါဝင်ပါ တယ်။

“ဗြိတိန်နိုင်ငံရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုအတွက် သမ္မတ ဇီလန်စကီးက ဝန်ကြီးချုပ် ဆူနတ်ခ် ကို ကျေးဇူးတင်ရှိခဲ့ပြီး အဆိုပါစစ်လက်နက်တွေကြောင့် ယူကရိန်းတပ်ဖွဲ့တွေက တိုင်းပြည်ကို ကာကွယ် နိုင်မယ်လို့ ပြောပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

နိုင်ငံတကာက အကူအညီတွေ ပိုမို ပေးကြဖို့ ဇီလန်စကီးက တောင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ အကူ အညီမရရင် ယူကရိန်းက စစ်ရှုံးမယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်က ယူကရိန်းသို့ပေးအပ်မယ့် အကူအညီ ဒေါ်လာ ၆၁ ဘီလီယံကို အတည်ပြုပြီးနောက် ၃ ရက်အကြာမှာ ဗြိတိန်က ယူကရိန်းသို့ ဒေါ်လာ သန်း ၆၂၀ တန်ကြေးရှိ စစ်ရေး အကူအညီပေးဖို့ ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ ၆ လအတွင်း ခဲယမ်းမီးကျောက် ပြတ်လပ်မှုကြောင့် ယူကရိန်းတပ်မှူးတွေဟာ လက် နက်ကြီးကျည် ချွေတာခဲ့ရလို့ ရုရှားတပ်ဖွဲ့တွေဟာ Avdiivka နဲ့ အရှေ့ပိုင်း ဒိုးနက်ခ်ဒေသရှိ Chasiv Yar မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကိုးကား – AP
Ref; The UK pledges $620 million in new military aid for Ukraine. When it will be delivered isn’t clear

#Ayeyarwaddy_Times