ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေက ထောက်ပံ့ရာ စစ်လက်နက်တွေရှိတဲ့ ယူကရိန်းနိုင်ငံရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေ၊ သိုလှောင်ရေး အခြေစိုက်စခန်းတွေအပေါ် ရုရှားတပ်ဖွဲ့တွေက တိုက် ခိုက်မှုတွေ ပိုမို ပြုလုပ်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ပြောပါတယ်။

“နေတိုးအဖွဲ့က ပြင်ဆင်နေတဲ့ တန်ပြန်ထိုးစစ်ဆင်မှုမှာ ယူကရိန်းအစိုးရက ရည်မှန်းချက်တွေ အောင်မြင်မှာ မဟုတ်ပါဘူး။ ရုရှားတပ်ဖွဲ့ဝင်တွေက အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်သာလွန်မှုကို လွင့်ပြယ်စေခဲ့ပါတယ်” လို့ အစည်းအဝေးတစ်ခုမှာ သူက ပြောပါတယ်။

ရှေ့တန်းရှိ ရုရှားတပ်ဖွဲ့တွေဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး သူ့အနေနဲ့ ရုရှားတပ်ဖွဲ့တွေကို အင် အားဖြည့်တင်းကာ စစ်လက်နက်တွေ ပိုမို ထုတ်လုပ်မယ်လို့ ဆာဂျီရှိုအီဂူက ဆိုပါတယ်။

ယူကရိန်းခေါင်းဆောင်တွေဟာ ဒုတိယအကြီးမားဆုံးမြို့တော် ခါကိဗ်မြို့အပေါ် ရုရှားတပ်ဖွဲ့ရဲ့ မ ကြာခဏ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ရုပ်သံတာဝါတစ်ခုအပေါ် တိုက်ခိုက်မှုဟာ ဒေသကို မတည်မငြိမ် ဖြစ်အောင်လုပ်တဲ့ ကြိုးပမ်းမှု တစ်ခုလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ထိုးစစ်ဆင်မှု မစတင်မီ မြိုတော်ကို ဖျက်ဆီးလိုတယ်လို့ အမေရိကန်နိုင်ငံအ ခြေစိုက် The Institute for the Study of War မှ လေ့လာသူတွေက ဆိုပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်မီတဲ့ ထောင်နဲ့ချီသော လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာတာ ကြုံတွေ့နေရပါတယ်။

ကိုးကား – NHK
Ref; Russian DM intends to step up strikes on Western weapons

#Ayeyarwaddy_Times