
ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီ ၂၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီကို တော်လှန်နေသည့် ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် ရေးဘီလူး ကျဆုံးသွားကြောင်း စစ်ကောင်စီလက်အောက်ခံ လော်ဘီတယ် လီဂရမ် ချန််နယ်များက ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် ဝါဒဖြန့်ရေးသားမှုများ ရှိခဲ့သည်။
စစ်ကောင်စီလက်ဝေခံ တယ်လီဂရမ်ချန်နယ်များ ထိုသို့ဖော်ပြထားသော်လည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ကျဆုံးခြင်းမရှိဘဲ ကျန်းမာလျက်ရှိကြောင်း ပြောဆို ထားပြီး ၎င်းနှင့်ရုပ်ချင်းဆင်သည့်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည့်အပေါ် ရေးဘီလူး ခေါင်းဆောင်ဟု ထင်မှတ်ခဲ့၍ ဝါဒဖြန့်ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်ကို စစ်တပ်ကဝါဒဖြန့်တဲ့အပေါ်ပြောချင်တာက ကျွန်တော်တို့ဘာမှ မဖြစ်ဘူးပေါ့နော်။ မြေပြင်မှာ စစ်ကွက်တွေပုံမှန်ဖော်တယ်။ ပုံမှန်လှုပ်ရှားတယ်။ ပုံမှန်သွားလာတယ်။ ဘာတစ်ခုမှမဖြစ်ဘူး။ ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိဘူး။ အားလုံးကျန်းကျန်းမာမာပဲရှိတယ်” ဟု ရေးဘီလူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လော်ဘီများကမူ ရေးဘီလူးသည် လုပ်ကြံခံရခြင်းဖြစ်ကာ ၎င်းသေဆုံးမှုကိုလည်း လျှို့ဝှက်ထားကြောင်းလည်း ဝါဒဖြန့်ရေးသားထားသည်။
ရေးဘီလူး သေဆုံးသည်ဟုဆိုကာ ဝါဒဖြန့်နေသည့် ပုံပါသေဆုံးသူမှာ မုံရွာမြို့နယ်တစ် နေရာရှိ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အသက် (၂၅) နှစ်အရွယ် CDM စစ်သား တစ်ဦးဖြစ်ပြီး ရဲဘော် Jade ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီကဝါဒဖြန့်နေသည့် ရဲဘော် Jade ၊ ရေဘီလူး
#ရေးဘီလူး #ကျဆုံး #ဝါဒဖြန့် #မဟုတ်မှန် #Ayeyarwaddy_Times