ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်

မြန်မာစစ်ကောင်စီက ပဋိပက္ခအဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ဖော်ဆောင်ရာမှာ အကန့်အသတ်နဲ့သာ တိုးတက်မှုအပေါ် အာဆီယံအဖွဲ့က အလွန် စိတ်ပျက်မိတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန် ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုက ပြောပါတယ်။

နောက်လာမယ့် လုပ်ဆောင်ချက်တွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့ မြန်မာစစ်ကောင်စီရဲ့ အာဆီယံ ဘုံသဘော တူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု တိုးတက်မှုအပေါ် အာဆီယံနိုင်ငံတွေက အကဲဖြတ်တယ်လို့ ယ နေ့ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးအပါအဝင် အပြုသဘောဆောင်သော၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် မြန်မာနိုင်ငံကိုကူညီဖို့ အာဆီယံအဖွဲ့ရဲ့ အဆင်သင့်ဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က ဖြစ်နိုင်သမျှစောပြီး မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွက်မျက်မယ်ဆိုရင် အာဆီယံအဖွဲ့က အာဆီယံ ဘုံသ ဘောတူညီချက်ကို ပြန်သုံးသပ်ရမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်ကလည်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ လူတွေဆန္ဒရှိတဲ့ အတိုင်း တိုးတက်မှုမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်မှုမဖြစ်စေဘဲ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ က ဆက်လက်ကြိုးပမ်းမယ်လို့ ၄င်းက ပြောပါတယ်။

ကိုးကား – The Straits Times
Ref; Asean ‘deeply disappointed’ by limited progress in Myanmar peace plan