အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၅ ရက်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက ပြည်သူတွေလက်ထဲမှာရှိနေတဲ့ ဒရုန်းတွေကို လာရောက်အပ်နှံဖို့အတွက် အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေက ဇူလိုင်လကုန်ပိုင်းက စတင်ကာ ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာ အသုံးပြုရတဲ့ ဒရုန်းယာဉ် တွေကို လာအပ်ဖို့လိုက်ကြေညာတာ ဒေသခံတွေက ပြောပါတယ်။

“ ဟင်္သာတဘက်မှာတော့ လာအပ်တာရှိတယ်ဆိုပြီး သတင်းလွှင့်တာတွေရှိတယ် အဓိကတော့ ရိုက်ကူးရေး လုပ်ရတဲ့သူတွေအတွက် ဒုက္ခရောက်တာပေါ့ တချို့က သိန်းနဲ့ချီပေးဝယ်ရတာ ဒါပေမယ့် မအပ်ရင် အဖမ်းခံရ မယ်ဆိုတော့ အပ်ရတာပေါ့”လို့ ပုသိမ်မြို့နေအမျိုးသားတဦးက ဧရာဝတီတိုင်းကို ပြောပါတယ်။

စစ်ကောင်စီက လက်နက်တွေနည်းတူ လာအပ်ခိုင်းတဲ့ ဒရုန်းဟာ အလှူပွဲတွေ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်း သဘင်တွေမှာ ဝေဟင်ကနေရိုက်ကူးရေးပြုလုပ်ရာမှာအသုံးပြုရတာကြောင့် အလှူပွဲ၊ မင်္လာဆောင်ပွဲနဲ့ ပွဲလမ်း သဘင်တွေမှာ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရိုက်ပေးသူတွေအတွက် အဆုံးရှုံးများနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဟင်္သာတရဲစခန်းမှာ ဝင်ရောက်ပစ်ခတ်ခံရပြီးနောက်ပိုင်း ဒရုန်းတွေနဲ့လာရောက်ကင်းထောက် တာတွေရှိခဲ့လို့ ခုလိုမျိုး ပြည်သူတွေလက်ထဲက ဒရုန်းတွေကို လာရောက်အပ်နှံခိုင်းနေတာဖြစ်နိုင်တယ်လို့ ရဲဝန်ထမ်းဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။