ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်နိုင်ငံရဲ့ ရန်လိုသော အပြုအမူနဲ့ပတ် သက်လို့ စိုးရိမ်မိတယ်လို့ အမေရိကန်စစ်တပ်ရဲ့ အာရှ-ပစိဖိတ် ကွပ်ကဲမှုဌာနချုပ် ခေါင်းဆောင်က ပြော ပါတယ်။

ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုဟာ အင်္ဂါနေ့က တိုကျိုမြို့တော်မှာ ဂျပန်နဲ့ အမေရိကန်နိုင်ငံမှ မီဒီ ယာအဖွဲ့တွေနဲ့ အင်တာဗျူး ပေးခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ် အပါအဝင် အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံ ရဲ့ ရေကြောင်းလှုပ်ရှားမှုတွေကို သူက ရည်ညွှန်းပြောဆိုခဲ့တာပါ။

“အခြေအနေက ကျွန်တော် မျှော်လင့်ခဲ့တာထက် ပိုမိုမြန်ဆန်စွာ ဖြစ်လာခဲ့တာပါ” လို့ သူက ပြောပါတယ်။
တရုတ်နဲ့ရုရှားဟာ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်နေပြီး မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် တွေ ထောက်ပံ့ပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ပံ့ပိုးကူညီနေတယ်လို့ သူက ဆိုပါတယ်။ အာရှ-ပ စိဖိတ်ဒေသဟာ ပိုပြီး အန္တရာယ်ရှိလာပြီလို့ သူက ပြောပါတယ်။

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့်မှာရှိတယ်လို့ ၎င်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေအ တွက် ကွပ်ကဲထိန်းချုပ်စင်တာ အဆင့်မြှင့်တင်ဖို့ ဒီလအတွင်းကျင်းပတဲ့ ဂျပန်-အမေရိကန် ထိပ်သီးဆွေး နွေးပွဲမှာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ခြင်း ရှိ မရှိလည်း ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုကို မေးမြန်းခဲ့ပါ တယ်။

ကိုးကား – NHK
Ref; US Indo-Pacific commander concerned about China’s ‘aggressive behavior’

#Ayeyarwaddy_Times