ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
အရေးပါသော မြန်မာကုန်သွယ်ရေးမြို့ မြဝတီမှာ တိုက်ပွဲတွေ မြင့်တက်နေစဉ် မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အကျိုးဆောင်ပေးဖို့ ထိုင်းနိုင်ငံက အ ဆင်သင့်ရှိတယ်လို့ ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးချုပ် Dr Prommin Lertsuridej က ပြောပါတယ်။
မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ထိုင်းအစိုးရရဲ့ရပ်တည်ချက်က ငြိမ်းချမ်းသော အဖြေတစ်ခုရှာရေး အကြံပြုဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ပဋိပက္ခကို အတတ်နိုင်ဆုံး ကူညီပြီး ဖြေ ရှင်းပေးဖို့ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် Srettha Thavisin က မြန်မာ့အရေးမှာ စေ့စပ်ဖျန်ဖြေသူ အခန်း ကဏ္ဍမှ ပါဝင်ခြင်း ရှိ မရှိ မေးမြန်းရာမှာ သူက အခုလို ဖြေကြားခဲ့တာပါ။
ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ မြန်မာစစ်တပ် သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေက ပါဝင်မယ်လို့ ပြော မပြော မေးမြန်းရာမှာ တိုက်ရိုက် တောင်းဆိုမှု မပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြိမ်းချမ်းသော အဖြေတစ်ခုရှာရေး လုပ်ဆောင်ဖို့ မျှော်မှန်းရကြောင်း သူက ဖြေပါတယ်။
မြန်မာနိုင်ငံမှ တိုက်ပွဲရှောင်ပြည်သူတွေအစုလိုက်အပြုံလိုက် ဝင်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက ပြင်ဆင်ထားတယ်လို့ သူက ပြောပြီး ပဋိပက္ခပျံ့နှံ့လာတာက လက်သင့်ခံစရာမရှိဘူးလို့ သတိပေးပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အရှိန်မြှင့်လာပြီးနောက် အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေ ရှင်းဖို့ တက်ခ်ခရိုင်ရှိ ဆေးရုံခြောက်ရုံက ပြင်ဆင်ထားတယ်လို့ တနင်္လာနေ့က မဲဆောက်ဆေးရုံကို သွား ရောက်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Cholnan Srikaew က ပြောပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်ရတဲ့ ထိုင်းနိုင်ငံသားတွေကို ကူညီနေတဲ့ အစီအမံတွေကို ရှင်းပြဖို့ သက် ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖိတ်ကြားမယ်လို့အောက်လွှတ်တော် စစ်ဘက်ရေးရာကော်မတီက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှု အကအညီတွေ ပိုမို ပေးအပ်ခြင်းရှိ မရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံက စဉ်းစားနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးသင့် မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖို့ ထိုင်းနိုင်ငံက အ လေးထားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါ တယ်။
ပဋိပက္ခကာလအတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နယ်စပ်တစ်လျှောက် ဆောင်ရွက်နေတဲ့ အ ရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တိုးမြှင့်မယ့် နည်းလမ်းတွေ ထိုင်းအစိုးရက ရှာဖွေနေတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Thais make peace broker offer to Myanmar junta, rebels in Myawaddy
#Ayeyarwaddy_Times