ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ထောင်ချီသော ရိုဟင်ဂျာတွေဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ နတ်မြစ်အနီး နှစ်နိုင်ငံနယ်စပ်တစ်လျောက် စုဝေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပွားနေစဉ် ရိုဟင်ဂျာတွေဟာ အုပ်စုလိုက် ရွာတွေကနေ ထွက် ခွာနေတယ်လို့ ကောဘဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် မိုဟာမက်နူဟာရှင်းက ပြောပါ တယ်။

“ရိုဟင်ဂျာ ၂၀၀ လောက် နယ်စပ်ကိုဖြတ်ပြီး ကော့ဘဇားက ဒုက္ခသည်စခန်းတွေကို ရောက်ရှိ လာခဲ့ပါတယ်။ သူတို့က ညအချိန်မှာ အသက်စွန့်ပြီး နတ်မြစ်ကို ကူးဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်ရှိလာတာပါ” လို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘေးလွတ်ရာ ထွက်ပြေးရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခွင့်ကြိုးပမ်းတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း မှာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ရာ ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်တာကို စစ်ဆေးဖို့ တပ်လှန့်ထားဆဲလို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကော့ဘဇားခရိုင်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျောက် လုံ ခြုံရေး တင်းကျပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကို စစ်ဆေးဖို့ နယ်စပ် တစ်လျောက် လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အ ဘူဆာလေမိုဟာမက်က ပြောပါတယ်။

ကိုးကား – Anadolu
Ref; Displaced by conflict in Myanmar, thousands of Rohingya gather along Bangladesh border seeking refuge

#Ayeyarwaddy_Times