ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ဘင်္ဂလားပင်လယ်အော်မှ ငါးဖမ်းပြီး ပြန်လာတဲ့ ကော့ဘဇားခရိုင်၊ တက္ကနတ်ခ်မြို့က ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားနှစ်ဦးကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ နံနက် ၁၁ နာရီခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်နှစ်ဦးဟာ တက္ကနတ်ခ်မြို့ ဘက်ခြမ်းရှိ နတ်မြစ်ကို ကူးဖြတ်စဉ် မြန်မာရေတပ်ဖွဲ့ဝင်တွေက လိုက်လံပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာရေတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ တံငါသည်နှစ်ဉီးမှာ အသက် ၂၀ နှစ်အရွယ်ရှိ မိုဟာမက်ဖာရွတ်ခ်နဲ့ မိုဟာမက်အစ္စမေးလ်တို့ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဉီးဟာ လွန်ခဲ့သော ၄ ရက်က ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခဲ့တာဖြစ်ပြီး မြန်မာရေတပ် ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကာ တစ်ဉီးကို ကော့ဘဇားမြို့က ဆေးရုံသို့ ပို့ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

“တံငါသည်နှစ်ဉီးက ငါးဖမ်းဆီးနေစဉ်မှာ ပစ်ခတ်ခံရတာပါ။ ကျွန်တော်တို့ အခြေအနေကို စောင့် ကြည့်နေဆဲဖြစ်ပါတယ်။ နယ်စပ်အခြေအနေက လက်ရှိမှာ တည်ငြိမ်နေပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့်တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုဟင်ဒင်အာမက်က ပြောပါတယ်။

“တံငါသည်နှစ်ဉီးအနက် အစ္စမေးလ်က အသေးစားဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဖာရွတ်ခ်ကတော့ ကျည်သုံးတောင့် ထိမှန်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ ကော့ဘဇားက ဆာဒါဆေးရုံကို ပို့ ဆောင်လိုက်ပါပြီ” လို့ တက္ကနတ်ခ် ကျန်းမာရေးအရာရှိ ဆူရိုင်ယာယက်စ်မင်းက ပြောပါတယ်။

“တံငါသည်နှစ်ဦး ပင်လယ်ပြင်ကနေ ငါးဖမ်းဆီးပြီးပြန်အလာမှာ မြန်မာရေတပ်ရဲ့ ပစ်ခတ်မှု ကြောင့် ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အ သေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ တက္ကနတ်ခ်ရဲစခန်းမှ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။

ကိုးကား – Dhaka Tribune
Ref; 2 Bangladeshi fishermen allegedly shot by Myanmar Navy

#Ayeyarwaddy_Times