ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

ယခုနှစ်စကတည်းက တရိပ်ရိပ်ဈေးတက်နေသော ပြည်တွင်းရွှေဈေးနှင့် နိုင်ငံခြားငွေလဲ နှုန်းထားများသည် သင်္ကြန်အပြီး၌ ဈေးအမြင့်တွင်သာတည်ရှိနေကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။

ယနေ့ ဧပြီ ၂၂ ရက်နေ့ မနက်ဈေးအဖွင့်တွင် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၉၉၉,၆၀၀ ရှိသဖြင့် ကျပ် သိန်းး ၄၀ နီးပါးဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ( YGEA) က ထုတ်ပြန်သည်။

YGEA က ထိုသို့ ထုတ်ပြန်ထားသော်လည်း အမှန်တကယ်ဝယ်ယူရသည့် ပြင်ပရွှေဈေး ကွက်တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၈ သိန်းခန့်ရှိကြောင်း စုံစမ်းသိရသည်။

“ ပုံမှန်ဆိုရင်တော့ အသင်းကထုတ်တဲ့ဈေးနှုန်းလောက်နဲ့ ရွှေအရောင်းအဝယ်လုပ်လို့ ဖြစ်ပါတယ်။ ရွှေဆိုင်က သူ့တို့နာမှာစိုးလို့ အသင်းသတ်မှတ်ဈေးထက် သုံးသိန်းလောက် ခွာနေရာကနေ တဖြည်းဖြည်း ဈေးမြင့်လာ တာတွေ့တယ်။ အတုံးတော့ဝယ်မရဘူး။ ရွှေထည်ပဲရတယ်” ဟု ရွှေဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းဖြစ်ပြီး လေးလအတွင်း ကျပ် ၁၁ သိန်းကျော်ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားငွေလဲလှယ်ရာတွင် နိုင်ငံခြားငွေ ပေါက်စျေး တဖြည်းဖြည်း မြင့်တက်နေပြီး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၉၀၀ ရှိရာမှ လေးလအတွင်း ကန်ဒေါ်လာ ၄၃၀ ကျပ်အထိ ဈေးတက်လာခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းဘတ်ငွေလဲနှုန်းတွင် ထိုင်းတစ်ဘတ်လျှင် ၁၀၃ ကျပ်ရှိသဖြင့် ၂၀၁၄ ခုနှစ် လေးလအတွင်း ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၅ ကျပ်နှုန်း မြင့်တက်လာကာ တရုတ်တစ်ယွမ်လျှင် ၅၂၄ ကျပ်ဖြစ်ပြီး လေးလအတွင်း ၃၉ ကျပ်ဈေးမြင့်တက် လာကြောင်းသိရသည်။

စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်း ပြည်တွင်းအခေါက်ရွှေဈေး မြင့်တက် လာမှုနှင့်အတူ နိုင်ငံခြား ငွေလဲနှုန်းထားများမြင့်တက်လာပြီး အထွေထွေကုန်ဈေးနှုန်းက ဈေးအမြင့်တွင်ရှိနေဆဲပင်ဖြစ်သည်။

ဓာတ်ပုံ – လူမှူကွန်ရက်

#အခေါက်ရွှေဈေးတက် #ကျပ်၄၈သိန်း #နိုင်ငံခြားငွေလဲဈေးတက် #Ayeyarwaddy_Times