ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

မြဝတီမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ အရှိန်လျှော့လာပြီး စေ့စပ်ညှိနှိုင်းမှုတွေ စတင်ခဲ့တာကြောင့် တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ မြန်မာဒုက္ခသည်အရေအတွက်ဟာ တနင်္ဂနွေနေ့က ၃၀၀၀ ခန့်ရှိရာမှ ယနေ့ ၁၀၀၀ ခန့်အထိ လျှော့နည်းသွားခဲ့ပြီလို့ အမှတ် ၃ စစ်တိုင်းမှူးက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုဆိုရင် ဆွေးနွေးနေပြီး မြန်မာစစ်တပ်ရဲ့ စစ် ကူပေးပို့မှုဟာ ကော့ကရိတ်မြို့မှ ရောက်မလာခဲ့ဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန်ဆောင်ဆီရီရတ်က Thai PBS သို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီမြို့မှ နယ်စပ်ကိုဖြတ်ကျော်ကာ ထွက်ပြေးလာခဲ့သူအများစုဟာ လက် ရှိမှာ မဲဆောက်မြို့မှ နေရပ်ပြန်နေပြီလို့ သိရပါတယ်။

အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို လမ်းသွားလမ်းလာတွေနဲ့ မော်တော်ယာဉ်တွေ အတွက် ဖွင့်လှစ်ထားဆဲလို့ သူက ဆိုပါတယ်။

အမှတ် ၃ စစ်တိုင်းက နယ်စပ်တစ်လျှောက် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာ ဘက်မှ ကျည်တစ်တောင့်က မဲဆောက်မြို့ရှိ နေအိမ်တစ်လုံးကို ထိမှန်ပြီးနောက် မကြာသေးမီက ကန့် ကွက်မှုပြုလုပ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီမြို့မှ ထွက်ပြေးလာတဲ့ မြန်မာစစ်ရှောင်တွေကို လိုအပ်တဲ့အကူအညီ တွေ ပေးအပ်မယ်လို့ အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar war refugees returning home

#Ayeywarwaddy_Times