ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

မြန်မာနိုင်ငံမှာ သာမန်ထက်ထူးကဲတဲ့ ဖြစ်စဉ်အချို့ ဖြစ်ပျက်နေတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီသတင်းဌာနမှ မိုးစက်ငြိမ်းချမ်းက ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အဖိနှိပ်ခံလူ တန်းစားအတွက် မမျှော်လင့်သောအောင်ပွဲတစ်ရပ် ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ် (တပ်မတော်) ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ချိန်မှာ နွေဉီးတော်လှန်ရေးနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ တိုင်းပြည်တစ်ဝှမ်း ပေါ်ပေါက်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှ အများစုပါဝင်တဲ့ ဖြုတ်ချခံ လွှတ် တော်အမတ်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။ NUG မှာ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှိနေပြီဖြစ်သလို NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဉ ရောပလွှတ်တော်က အသိအမှတ်ပြုခဲ့ပါတယ်။
နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာ

နွေဦးတော်လှန်ရေးက ကနဦးမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို တုန်လှုပ်ချောက်ချားမှုမဖြစ်စေ ခဲ့ဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သုတ်သင်ရှင်းလင်းပစ်မယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေက ကြွားလုံး ထုတ်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ တူညီဆန္ဒကလဲ မြန်မာစစ်ကောင်စီဟာ ပြိုလဲဖို့မဖြစ်နိုင်ဘဲ တောင့် တင်းလွန်းတယ်လို့ ဆိုပါတယ်။ နောက် ၃ နှစ်အကြာမှာ နွေဉီးတော်လှန်ရေးဟာ အရှိန်အဟုန်ရလာပြီး တိုင်းပြည်တစ်ဝှမ်း အရေးပါသော စစ်ဘက်စခန်းတွေ၊ မြို့တွေကို သိမ်းလာနိုင်ပါတယ်။

“မြန်မာစစ်ကောင်စီဟာ အခုဆိုရင် ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရပြီ” လို့ ဆောင်းပါးရှင် Joshua Kurantzick က Council on Foreign Relations ရဲ့ ဝဘ်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက် တိုဘာလနှောင်းပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကို ထိုး စစ်ဆင်မှု စတင်ခဲ့ရာ နယ်မြေတွေကို သိမ်းယူကာ အစုလိုက်အပြုံလိုက် ဘက်ပြောင်းခိုလှုံမှုတွေ ဖြစ်လာ စေခဲ့ပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီတပ်ရင်းတွေကို သိမ်း ပိုက်ကာ မြဝတီမြို့ကို ထိန်းချုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှယူဆောင်မယ့် လက်နက်တွေနဲ့ အကူအညီ တွေအတွက် လမ်းကြောင်းတစ်ခု ပွင့်သွားစေခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီအ ကြီးအကဲ မင်းအောင်လှိုင်ရဲ့ရုံး တည်ရှိရာ လုံခြုံတယ်လို့ ယူဆရတဲ့ နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက် ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားသာချက်နဲ့ အားနည်းချက်မှာ တပ်ဖွဲ့တွေကို မတူညီသောအုပ်စု တွေနဲ့ ဖွဲ့စည်းထားတာလို့ The Economist က ဖော်ပြခဲ့ပါတယ်။ “မြန်မာနိုင်ငံဟာ မတူကွဲပြားမှု ကြီး မားသောတိုင်းပြည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုး ၁၃၅ စု နေထိုင်ပါတယ်။ ဗြိတိသျှတွေက တိုင်းရင်းသား အချင်းချင်းကြား သွေးခွဲအုပ်ချုပ်တဲ့စနစ်ကို ၁၉ ရာစုမှစပြီး ကျင့်သုံးခဲ့တယ်” လို့ ဆောင်းပါးရှင် Avinash Paliwal က Foreign Affairs ရဲ့ ဝဘ်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တိုင်းရင်းသားတွေကြား ပြင်းထန်သော သ ဘောထားကွဲလွဲမှုတွေ ရှိလာခဲ့တယ်လို့ သူက ဆိုပါတယ်။ မြန်မာအစိုးရအဆက်ဆက်ကို လူများစု ဗမာ တွေက ကြီးစိုးခဲ့ပြီး လူနည်းစုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆယ်စုနှစ်ချီ တိုက်ပွဲဝင်ခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီဟာ တိုင်းရင်းသားတွေကြား သဘောထားကွဲလွဲမှုတွေကို အမြတ်ထုတ်ဖို့ ကြိုးစားခဲ့ ပါတယ်။
မြန်မာစစ်တပ်ဟာ ဗုဒ္ဓဘာသာဝင် ဗမာအများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကြောက်မတ်ဖွယ် ကောင်းအောင် အဂတိလိုက်စားကာ သူ့ရဲ့ သွေးခွဲအုပ်ချုပ်တဲ့ မဟာဗျူဟာကလည်း ကျဆုံးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးဟာ ဘုံရန်သူ စစ်ကောင်စီဖြုတ်ချရေးမှာ စည်းလုံးညီညွတ်မှု ရှိလာခဲ့တယ်လို့ သတင်းထောက် Lorcan Lovett က ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီယားသ တင်းဌာနမှာ ရေးသားခဲ့ပါတယ်။

အာရက္ခတပ်တော် (AA)၊ တအောင်းတပ် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့နဲ့ဖွဲ့စည်း ထားတဲ့ အင်အားအကြီးမားဆုံး မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့တွေအပေါ် မကြုံစဖူး အောင်ပွဲတွေ ရရှိခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့က NUG ရဲ့ ခေါင်းဆောင်မှုကို လက်မခံသေးပေ မယ့် အနည်းဆုံးတော့ NUG နဲ့ လက်တွဲလုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အဖိနှိပ်ခံပြည်သူကို မျက်နှာမူပြီး သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။

စစ်ကောင်စီရဲ့ လက်ကျန်နေ့ရက်တွေ လက်ချိုးရေတွက်လို့ရပြီ

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ လွယ်လွယ်နဲ့ မစွန့်လွှတ်ဖူးလို့ Sven Hansen က ဘာလင်မြို့ အခြေစိုက် Die Tageszeitung သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုး သားတွေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ် အမျိုးသမီးတွေကို ဆင့်ခေါ်မယ့် စစ်မှုထမ်းဉပဒေကို မြန်မာ စစ်ကောင်စီက အသက်သွင်းခဲ့ပါတယ်။

စစ်တပ်ကို မုန်းတီးတာကြောင့် ထောင်ချီတဲ့ စစ်မှုထမ်းဖို့ အကျုံး ဝင်သူတွေဟာ ပြည်ပသို့ ထွက်ပြေး သို့မဟုတ် စစ်မှုထမ်းဉပဒေကို ရှောင်ပြေးဖို့ လာဘ်ပေးခဲ့ကြပါတယ်။

မြန်မာပြည်တွင်းစစ်ကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာတယ်လို့ ဗီယင်နာမြို့တော်အခြေ စိုက် Der Standard သတင်းစာက ဆိုပါတယ်။ မြန်မာပြည်သူ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရ ပြီလို့ ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာစစ်တပ်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် တရားစွဲဆိုထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမဆန်မှု ခံနေရတဲ့ ရိုဟင်ဂျာတွေကို ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ခိုက်ဖို့နဲ့ လူသားဒိုင်းအဖြစ် အဓမ္မ အသုံးပြု နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီမှာ အုပ်စုကွဲနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အစုလိုက်အပြုံ လိုက် ဘက်ပြောင်းနေကြပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေကြား စည်းလုံးညီညွတ်မှု ပိုရှိလာပါတယ်။ စည်းလုံးညီညွတ်မှုက ကြံ့ကြံ့ခံတာကြောင့် စစ်ကောင်စီရဲ့ လက်ကျန်နေ့ရက်တွေ လက်ချိုးရေတွက်ရ တော့မှာ ဖြစ်ပါတယ်။

The Week မဂ္ဂဇင်းရဲ့ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Myanmar: the Spring Revolution and the downfall of the generals ကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times