ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာအနီး လမ်းဆုံမီးပွိုင့်မှာ သြဂုတ်လ ၄ ရက် မနေညနေ ၅ နာရီဝန်းကျင်မှာ အိမ်စီးကားနဲ့ ရဲကားတိုက်မိလို့ ရဲကားတိမ်းမှောက်ခဲ့တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ဒေသခံတွေဆီက ထံကသိရပါတယ်။

အဲ့ဒီလို ယာဥ်ချင်းတိုက်ခိုက်ခဲ့မိလို့ ဟိုင်းလပ်ရဲကားတိမ်းမှောက်ခဲ့ပြီး ရဲကားပေါ်ပါတဲ့ အလုပ်သင်ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီရဲကားဟာ ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းကရဲကား ဖြစ်ပြီးတော့ တရားရုံးထုတ်ကနေပြန်လာတဲ့ အချုပ် သားတချို့တင်ဆောင်လာတဲ့ကားလို့သိရပါတယ်။

” ဒီရွှေကြာပင်ဧရာဝတီဘဏ်ခွဲနားမရောက်ခင်မီးပွိုင့်လို့ပြောရမှာပေါ့။ အဲ့လမ်းကလည်းအကျယ်ကြီးဘဲ။ ဘယ် လိုကနေဘလိုတိုက်မိလဲတော့မသိဘူး၊ ရဲကားကတုံးလုံးလဲသွားတယ်။ ကားခေါင်းထဲက ပြီးခဲ့တဲ့ဇူလိုင်လနောက် ဆုံးပတ်က အပတ်စဥ် ၁၀၇ က ဒုရဲအုပ်ဆင်းလာတဲ့အလုပ်သင်တယောက်ပါတယ်။ သင်တန်းဆင်းခွင့်ပေးထားတာမနေ့ကမှရုံးစတက်တာ၊သူက ခေါင်းခန်းကဆိုပေမဲ့သိပ်မထိဘူး ပွန်းရုံ၊ပဲ့ရုံပေါ့။ နောက်ခန်းထဲက ရဲ ၂ ယောက်လောက်လည်းဒဏ်ရာရတယ်မစိုးရိမ်ရပါဘူး။ အချုပ်သားတယောက်လည်းထိတယ်လို့သိရတယ်” လို့ လုံခြုံ ရေးအရအမည်မဖော်လိုသူ နေပြည်တော်ရဲတပ်ဖွဲ့ဝင် ၁ ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း သပြေကုန်းအဝိုင်းမှာ လျှပ်စစ်ဝန် ကြီးဌာနဝန်ထမ်းကြို/ပို့ယာဥ် ဘရိတ်ပေါက်လို့ နေပြည်တော်ရဲချုပ်ရုံးက ဆိုင်ကယ်စီးရဲ ၂ ဦးကိုဝင်တိုက်မိခဲ့လို့ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ- CJ