ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

ရုရှားနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးတာကို ဟန့်တားဖို့ သူနဲ့ G7 နိုင်ငံခြားရေးဝန်ကြီး တွေက လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ စစ်အေးကာလပြီးဆုံးပြီးနောက်ပိုင်း ဉရောပတိုက် လုံခြုံရေးအတွက် အကြီးမား ဆုံး ခြိမ်းခြောက်မှုတစ်ခုလို့ သူက စွပ်စွဲလိုက်ပါတယ်။

သောကြာနေ့က အီတလီနိုင်ငံ၊ ကက်ပရီမြို့မှာကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အန်တိုနီဘလင်ကန်က အခုလို မှတ်ချက်ပြုတာပါ။

တရုတ်နိုင်ငံဟာ ရုရှားစစ်တပ်အတွက် အဓိက ထောက်ပံ့ပေးတဲ့တိုင်းပြည်ဖြစ်ပြီး ရုရှားရဲ့ ကာ ကွယ်ရေးပစ္စည်းလုပ်ငန်း ပြန်လည်တည်ဆောက်အောင် ကူညီခဲ့တယ်လို့ သူက ဆိုပါတယ်။

တရုတ်က ရုရှားသို့ စစ်လက်နက်တွေ တိုက်ရိုက် ထောက်ပံ့ပေးခဲ့တာမရှိပေမယ့် အရေးပါသော အစိတ်အပိုင်းတွေ ထောက်ပံ့မှုကြောင့် ရုရှားက ယူကရိန်းကို ဆက်လက်ကျူးကျော်နိုင်တာလို့ ၎င်းက ပြောပါတယ်။

ဥရောပတိုက်နဲ့ အခြားဒေသများရှိ တိုင်းပြည်တွေနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ထူ ထောင်လိုသော ဟန်ဆောင်လုပ်ရပ်ကို တရုတ်နိုင်ငံကို အန်တိုနီဘလင်ကန်က ဝေဖန်လိုက်ပါတယ်။

ကိုးကား – NHK
Ref; US Secretary of State Blinken says China aiding Russia war effort

#Ayeyarwaddy_Times