
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား ပဋိပက္ခဖြစ်ပွားနေစဉ် ဧပြီလ ၁၈ ရက်ညပိုင်းက နောက်ထပ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် (BGF) ၁၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၇၄ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ပြည်သူ့ဆက်ဆံရေးအရာရှိ ရှာရီဖူလ်အစ္စလာမ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဟာ နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ (BCG) ထံ လက်နက်ချခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ (BCG) က မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နောက်ပိုင်း မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်ရင်း ၁၁ ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံခဲ့ ပြီး ဖေဖော်ဝါရီလ ၁၅ ရက်မှာ ၎င်းတို့ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူမယ့် မြန်မာ နိုင်ငံမှ သင်္ဘောတစ်စင်း နောက်အပတ် တနင်္လာနေ့မှာ ဆိုက်ရောက်လာမယ်လို့ မီဒီယာတွေက ဖော်ပြ ပေမယ့် သင်္ဘောပြန်လည်ထွက်ခွာမှုဟာ ရာသီဥတုအခြေအနေအပေါ် မူတည်နေတယ်လို့ သိရပါတယ်။
ကိုးကား – DD News
Ref; Another 13 Myanmar border guards take shelter in Bangladesh
#Ayeyarwaddy_Times