အိုလီဗီယာ/ဧရာဝတီတိုင်းမ်
(ကလေး)၊ ဩဂုတ်လ ၅ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေတဆင့် ကလေးမြို့မှာ မိုင်းလာရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ကား ၁၀ စီးကို ဩဂုတ်လ ၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၅၅ မိုင်ကျေးရွာအနီး မိုင်းရှင်းလင်းဖို့ ကားရပ်ဆင်းချိန်မှာပဲ မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ ကျော်လောက် လဲကျခဲ့ပြီး အဲ့ဒီအထဲက ၅၀ ကျော်လောက်သေဆုံးခဲ့တာလို့ CDF-Tonzang တပ်ဖွဲ့က ပြောရေဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
“ ကားပေါ်ကဆင်းတာနဲ့ မိုင်းကွင်းထဲရောက်တာနဲ့ မိုင်းအလုံး ၃၀ လောက်နဲ့ဆွဲလိုက်တာ ငါးဆယ်ကျော်သေပြီ ကျန်တဲ့ ၁၀ ယောက်က တော်တော်ပြင်းထန်ဒဏ်ရာတွေရသွားတယ်” လို့ ပြောပါတယ်။
မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့အတွက် KPDF ကလေးခရိုင်မြောက်ပိုင်း တပ်ဖွဲ့၊ CDF-Tonzang တပ်ဖွဲ့နဲ့ PDF ရာဇဂြိုလ်တပ်ဖွဲ့တို့ပေါင်းပြီး ပဒေသာမိုင်း အလုံး ၃၀ နဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး သေနတ်ပစ်တိုက်ခိုက်တာမျိုး မလုပ်ခဲ့ရဘူးလို့ ဆိုပါတယ်။
မိုင်းရှင်းဖို့လာရင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်နဲ့ ဒဏ်ရာရရှိသူတွေကို မွန်လွဲပိုင်းရောက်မှ ကလေးမြို့ခံ အလောင်းသယ်ကားတွေ လူနာတင်ကားတွေနဲ့ လာရောက်ခေါ်ဆောင်သွား တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AFP(ယခင်က ပုံအဟောင်းအားအသုံးပြုထားပါသည်။)