
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ပြင်းထန်သောတိုက်ပွဲတွေဟာ အရပ်သားတွေအတွက် စိုးရိမ်ဖွယ် ရာ ခြိမ်းခြောက်မှုတစ်ခုလို့ ကုလသမဂ္ဂအဖွဲ့က ဧပြီလ ၁၉ ရက်မှာ သတိပေးခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ကြောက်မတ်ဖွယ်ရာ ဖိနှပ်မှုကို တားဆီးရေး နိုင်ငံတကာက ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအ ဝိုင်းတွေကြား တင်းမာမှုတွေဖြစ်စေတာက ယခင်ကလို အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလသ မဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေဖြစ်လာဖို့ အချက်ပေးနေပြီး ကျွန်တော်တို့ အတိတ်ကာလကလို အကြမ်း ဖက်မှုတွေ ထပ်ဖြစ်ခွင့်ပြုလို့ မရပါဘူး” လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာညောင်းတဲ့ တိုင်းပြည်တွေက ရခိုင်ပြည် နယ်က အရပ်သားအားလုံးကို ကာကွယ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို တားဆီးဖို့ အခုဘဲ လုပ် ဆောင်ရမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်ပြီးနောက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် မြို့နယ် ၁၅ ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ ပြည်သူတွေ ရာနဲ့ချီ သေဆုံး/ဒဏ်ရာရရှိ ခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ ၃၀၀၀၀၀ ကျော် ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
“ရခိုင်ပြည်နယ်ဟာ ဇာတ်ကောင်ပေါင်းစုံပါဝင်တဲ့ စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့ပြီး အရပ်သားတွေ ဟာ တန်ဖိုးကြီးကြီး ပေးဆပ်နေရကာ ရိုဟင်ဂျာတွေ အန္တရာယ်ရှိနေပါတယ်” လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ရိုဟင်ဂျာတွေကို အုပ်စုတစ်စုက ပစ်မှတ်ထားခဲ့တာကြောင့် လက်ရှိမှာ လက်နက်ကိုင်နှစ်ဖွဲ့ကြား ချောင်ပိတ်မိနေကြောင်း၊ ရိုဟင်ဂျာတွေကို ထပ်မံပြီး ပစ်မှတ်ထားတာကို ခွင့် မပြုကြောင်း ၎င်းက ဆိုပါတယ်။
ကိုးကား – AFP
Ref; UN sounds alarm on violence in Myanmar’s Rakhine State
#Ayeyarwaddy_Times