
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
အစ္စရေးက အီရန် နျူကလီးယားစက်ရုံတွေကို အရေးယူရင် အစ္စရေး နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးတန်း တပ်မှူးတစ်ဦးက သတိပေး လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း အစ္စရေးအပေါ် အီရန်ရဲ့ ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှုတွေကို လက်တုံ့ပြန် ဖို့ အစ္စရေးက အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်နိုင်တယ်ဆိုသော စိုးရိမ်မှုတွေရှိနေစဉ် ဗိုလ် မှူးချုပ် အာမက်ဟတ်တာလက်ဘ်က အခုလို ပြောကြားခဲ့တာပါ။
အစ္စရေးနိုင်ငံရဲ့ နျူကလီးယားစက်ရုံတွေ ဘယ်နေရာမှာရှိတယ်ဆိုတာ ဖော်ထုတ်ခဲ့ပြီးပြီလို့ အီ ရန် နျူကလီးယားစက်ရုံများ လုံခြုံရေး အကြီးအကဲ ဗိုလ်မှူးချုပ် အာမက်ဟတ်တာလက်ဘ်က ဆိုပါ တယ်။
တီဟီရန်ကို ဖိအားပေးဖို့ အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မယ့် ခြိမ်းခြောက်မှု အသုံး ချဖို့ အစ္စရေးက ကြိုးပမ်းရင် တိုင်းပြည်ရဲ့ နျူကလီးယားအယူဝါဒကို ပြင်ဆင်ဖွယ်ရှိတယ်လို့ ၎င်းက ပြော ပါတယ်။
အီရန်နိုင်ငံဟာ လက်ရှိမှာ နျူကလီးယားအစီအစဉ်ကို ငြိမ်းချမ်းစွာ အသုံးချဖို့ ရည်ရွယ်ချက်တွေ ကိုင်စွဲထားပြီး နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။
အစ္စရေးအစိုးရကလည်း အီရန်ရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ဆွေးနွေးနေပါတယ်။ အစ္စရေးနိုင် ငံဟာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်မယ်” လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
အစ္စရေးက အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှာနဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ အ ပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ်ဂရော့စီက ပြောကြားပြီး စိတ်ရှည်သည်းခံဖို့ အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။
ကိုးကား – NHK
Ref; Israel nuclear sites will be targets if Iran nuclear facilities attacked: IRGC
#Ayeyarwaddy_Time