
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
မြန်မာနယ်စပ်ဒေသတွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေက ဧပြီလ ၁၈ ရက်မှာ တိုက်တွန်းခဲ့ပြီး အရပ်သားတွေ ဘေးကင်းရေး စိုးရိမ်ပူပန်ကြောင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
“အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့နဲ့ စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အပြည်ပြည်ဆိုင်ရာ လူ သားချင်းစာနာမှုဉပဒေကို လိုက်နာဖို့၊ တင်းမာမှုတွေ လျှော့ချရေး လိုအပ်သော အစီအမံအားလုံး လုပ် ဆောင်ဖို့နဲ့ အရပ်သားအားလုံး ဘေးကင်းလုံခြုံရေး လုပ်ဆောင်ဖို့ အဖွဲ့အစည်းအားလုံးကို မိမိတို့ တိုက် တွန်းတယ်” လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံရှိ လိုအပ်သူအားလုံးထံ ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီ ပေးပို့ နိုင်မယ့် ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးတာအပါအဝင် အရပ်သားတွေအပေါ် ပဋိပက္ခအ ကျိုးသက်ရောက်မှု လျှော့ချမယ့် အရေးတကြီး ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ အဖွဲ့အစည်းအားလုံး ကို မိမိတို့ တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဘုံသဘောတူညီချက် (၅) ရပ် အပြည့်အဝ အကောင်အထည်ဖော်ဆောင်မှုတစ်ဆင့် ပတ်ဝန်း ကျင်တစ်ခု ဖန်တီးနိုင်ရေး ကူညီခြင်းအားဖြင့် အဖြေတစ်ခုရှာရာမှာ မြန်မာနိုင်ငံကို ကူညီမယ့် ကတိက ဝတ်ကို ထပ်လောင်းအတည်ပြုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ငြိမ်းချမ်းပြီး စည်းလုံးသော မြန်မာနိုင်ငံဖြစ်ရေးက အာဆီယံအဖွဲ့ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက် ထိတွေ့ဆက်ဆံတာ အပါအဝင် ၂၀၂၄ ခုနှစ် အာဆီယံဥက္ကဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ပြော ပါတယ်။
ကိုးကား – Reuters
Ref; Asean foreign ministers urge cessation of Myanmar border violence
#Ayeyarwaddy_Times