
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၉ ရက်
စစ်ကောင်စီက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို နာရီပိုင်းခန့် ပိတ်ခဲ့ပြီး လှိုင်သာယာ-အင်းစိန်သို့ ဖြတ်သန်းသွား လာသည့် တံတား သုံး စင်းကိုပါ အရေးပေါ် ပိတ်ချပိတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ ဧပြီ ၁၉ ရက် ည ၇ နာရီကျော်တွင် အောင်ဇေယျတံတား၊ ဘုရင့် နောင်တံတားနှင့် ရွှေပြည်သာတံတား သုံးစင်းလုံးကို စစ်ကားများဖြင့် ပိတ်ဆို့ကာ သံဆူးကြိုး အကာအရံများဖြင့်ပါ တားဆီးလိုက်ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် မင်္ဂလာဒုံလေဆိပ်အတွင်းမှ ခရီးသွားပြည်သူများကိုပါ လေဆိပ် အပြင်သို့မောင်း ထုတ်ပြီး စစ်ကောင်စီက လေဆိပ်ကို နာရီပိုင်းခန့် ပိတ် ဆို့ခဲ့ကြောင်း သိရသည်။
“လေဆိပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မယ်ဆိုပြီး သတင်းကြားလို့ ပိတ်ချလိုက်တာလို့ ကြားတယ်။ တံတားတွေကို ပိတ်တာကလည်း ထွက် မရအောင် ပိတ်ချတာလို့ထင်တယ်။ တချို့ပြောနေကြ တာကလည်း လေဆိပ်ထဲ အထုပ် တွေ့လို့ဆိုပြီး ပြောတယ်။ သေချာမသိရသေးဘူး”ဟု ရွှေပြည်သာမြို့ နယ်ဒေသခံ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တံတားများကို ထိုသို့ ပိတ်ဆို့ခဲ့ပြီးနောက် မည်သည့် ယာဉ်ကိုမျှ ဖြတ်သန်း သွားလာခွင့်မပြုတော့ဘဲ လမ်းလျှောက်ဖြတ်သန်းသွားသူများကိုပါ စစ်ဆေး မေးမြန်း မှုများ ပြုလုပ်ကြောင်း သိရသည်။
အလားတူ ဒညင်းကုန်း၊ စော်ဘွားကြီးကုန်းမြို့နယ်များတွင်လည်း စစ်ကောင်စီ တပ်သားများက လိုင်းကားများပေါ် အထိတက်ရောက်၍ ခရီးသည်များကို စစ်ဆေးမှု ခဲ့ကြောင်း သိရသည်။
ပုံစာ- အောင်ဇေယျတံတားတွင်း ယနေ့ညပိုင်းက ယာဉ်ကြောပိတ်ဆို့နေစဉ်
#ရန်ကုန် #လှိုင်သာယာ #အင်းစိန် #ရွှေပြည်သာ#တံတား၃စီး #မင်္ဂလာဒုံလေဆိပ် #ပိတ်ဆို့#Ayeyarwaddy_Times