
ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
ဧပြီလ ၁၆ ရက်ညပိုင်းက မြန်မာနယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင် ၄၆ ဦး ဘန်ဒါဘန်ခရိုင်၊ Naikhongchhari မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ပြည်သူ့ဆက်ဆံရေးအရာရှိ ရှာရီဖူအစ္စလာမ်က ဧပြီလ ၁၇ ရက်မှာ သ တင်းထောက်တွေကို အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၆၀ ဉီးထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်ထဲ ဝင်ရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ယခုလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ပထမအပတ်မှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မြန်မာနယ်ခြားစောင့်တပ် ဖွဲ့ဝင် ၃၀၀ ကျော် ဘန်ဒါဘန်ခရိုင်ထဲကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်မှာ ၎င်းတို့ကို မြန်မာနိုင် ငံသို့ ပြန်ပို့ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ကျန်ရှိသော မြန်မာတပ်ဖွဲ့ဝင်တွေကို နေရပ်ပြန်ပို့ဖို့ အစိုးရက လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေလမ်းကြောင်းတွေမှတစ်ဆင့် ပြန်လည်ပို့ဆောင်ဖို့ မြန်မာနိုင်ငံ က အဆိုပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – BSS News
Ref; 46 more Myanmar border police enter into Bangladesh
#Ayeyarwaddy_Times