
ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံးနှင့် လေတပ်အရာရှိ လူပျိုဆောင်တို့ကို ယနေ့ ဧပြီ ၁၈ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် မြို့ပြပြောက်ကျား Dark Shadow အဖွဲ့က လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို “Urban Freedom” ( မြို့ပြလွတ်မြောက်ရေး) စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။
လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိကြောင်း
မြေပြင်ရဲဘော်ထံမှ ကြားသိရပြီး ထိုသို့ တိုက်ခိုက်ခဲ့သည့် ရဒဘော်များသည် ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုထားသည်။
Dark Shadow အဖွဲ့အနေဖြင့် နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်များနှင့် အတူ အကြမ်းဖက် စစ်ကောင်စီ နှင့် ပြည်သူကို ဖိနှိပ်အကြပ်ကိုင်ဒုက္ခပေးနေသည့် စစ်ကောင်စီ အစွယ်အပွားများကို အမြစ်ပြတ်သည်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#မင်္ဂလာဒုံ #ကြံ့ခိုင်ရေးရုံး #လေတပ်အရာရှိလူပျိုဆောင် #လက်ပစ်ဗုံး #တိုက်ခိုက်#Ayeyarwaddy_Times