ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မေလအတွင်း ဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင်ထံ အာဏာ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

ဒါဟာ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း စင်ကာပူနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်လာမှာဖြစ်ပါတယ်။

မေလ ၁၅ ရက်မှာ ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ကာ အဆိုပါနေ့မှာဘဲ လောရင့်ဝေါင်က ဝန်ကြီး ချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ်လို့ လီရှန်လွန်းက ဧပြီလ ၁၄ ရက်က လူမှုကွန်ရက်မှာ ကြေညာခဲ့ပါ တယ်။

လောရင့်ဝေါင်နဲ့အဖွဲ့ကို အပြည့်အဝ ထောက်ခံမှုပေးဖို့နဲ့ စင်ကာပူအတွက် ပိုမိုတောက်ပသော အနာဂတ်တစ်ရပ် ဖန်တီးနိုင်ရေး ၎င်းတို့နဲ့လက်တွဲဆောင်ရွက်ဖို့ လီရှန်လွန်းက စင်ကာပူပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော် လူသားဆန်တဲ့ တာဝန်ယူမှု၊ တာဝန်သိမှုနဲ့ လက်ခံပါတယ်။ ဒါကို အကောင်အထည် ဖော်ဖို့ ကျွန်တော် ကတိပြုပါတယ်” လို့ လောရင့်ဝေါင်က ရုပ်သံထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

အသက် ၇၂ နှစ်အရွယ် လီရှန်လွန်းဟာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယုရဲ့ အ ကြီးဆုံးသားဖြစ်ပါတယ်။

လီရှန်လွန်းဟာ ၂၀၀၄ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ တတိယမြောက် ဝန်ကြးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အာရှတိုက်ရဲ့ အချမ်းသားဆုံးတစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကို နှစ် ၂၀ နီးပါး ဦးဆောင်ခဲ့ပါ တယ်။

ဗျူရိုကရက်ဟောင်းတစ်ဉီးဖြစ်တဲ့ လောရင့်ဝေါင်ကို မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦးအဖြစ် လူ အများစုက ရှုမြင်ခဲ့ကြပါတယ်။

ကိုးကား – NHK
Ref; Singapore’s new prime minister to take office in May

#Ayeyarwaddy_Times