ဧရာဝတီတိုင်းမ်

(နေပြည်တော်)၊ ဧပြီ ၁၆ ရက်

စစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်ရှိ နေပြည်တော်လွှတ်တော် ဂိတ်ပေါက်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဧပြီ ၁၅ ရက် ည ၉ နာရီ ဝန်းကျင်က အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပြည်တော်လွှတ်တော် အမှတ်(၄) ဂိတ်ပေါက်တွင် လုံခြုံရေး တာဝန်ကျနေသည့် ရဲတပ်ရင်း (၁၇) မှ တပ်ဖွဲ့ဝင်များ  ခိုက်ရန်ဖြစ်ပွားခဲ့ပြီး  ရဲတပ်သား ပိုင်စိုးဦးသည် ကင်းမှူး ရဲတပ်ကြပ်ကြီးမျိုးနိုင်ဦးနှင့် အလှည့်ကျကင်းသမား တို့ကို သေနတ်ဖြင့် အသေ ပစ်သတ်ခဲ့ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

“နောက်ဆက်တွဲတော့ မသိရသေးဘူး။ သတင်းအုပ်ထားတယ်။ သူတို့ သုံး ယောက်ပဲရှိနေပြီး အကုန်သေသွားတာဆိုတော့။ ခိုက်ရန်ဖြစ်ပွားပြီးတော့ ကျန်တဲ့ တစ်ယောက်က ကိုယ့်ကိုယ်ကို သေနတ်အဆုံးစီရင်ခဲ့တယ်လို့ သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သည့် ‌နေပြည်တော်လွှတ်တော် အမှတ် (၄)  ဂိတ်ပေါက်မှာ လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် ရုံးထိုင်သည့် လွှတ်တော်ဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော်တွင် ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း စစ်ကောင်စီအခြေစိုက်ရာ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို PDFပူးပေါင်း တပ်ဖွဲ့များက ဒရုန်းအစင်းရေ ၂၇ စင်းဖြင့် တိုက်ခိုက်ခဲ့သည်။ 

ဓာတ်ပုံ – အင်တာနက်

ပုံစာ – နေပြည်တော်လွှတ်တော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

#နေပြည်တော် #လွှတ်တော် #ရဲတပ်သား #ခိုက်ရန်ဖြစ်ပွား #သေဆုံး #Ayeyarwaddy_Times