
ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
စစ်ကောင်စီမှ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ၅၉ ဦးလွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဥ်းသား လေးဦးသာ ပါ၀င်ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားအများစုမှာ စစ်ကောင်စီမှ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) ပုဒ်မများဖြင့် ထောင်ချခံထားရသူများဖြစ်ပြီး ထောင်ကလွတ်ရန် လပိုင်းသာ ကျန်ရှိသူများဖြစ်ကြောင်း သိရသည်။
“အမျိုးသား လေးဦးပဲပါတယ်။ အများစုကတော့ လွတ်ရက်နီးတဲ့ သူတွေပါ”ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများမှာ ပုသိမ်မြို့နယ်မှ အမျိုးသား နှစ်ဦးနှင့် ကျုံပျော်မြို့နယ်မှ
အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ပုသိမ်အကျဥ်းထောင်မှ အကျဥ်းသားများကို နေ့လည် ၁နာရီတွင် စတင်လွှတ်ပေးခြင်းဖြစ်ပြီး အကျဥ်းသား၅၇ဦးနှင့် အကျဥ်းသူ နှစ်ဦး၊ စုစုပေါင်း ၅၉ဦး ပြန်လည်လွတ်မြောက်လာကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှသိရှိရသည်။
#စစ်ကောင်စီ #လွတ်ငြိမ်း #ပုသိမ်ထောင် #နိုင်ကျဉ်း#Ayeyarwaddy_Times