ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

ထိုင်းနယ်စပ်အနီးရှိ မြဝတီမြို့ရဲ့ မဟာဗျူဟာမြောက်ဧရိယာကို KNU သို့ မလွှဲပြောင်းမီ ထိန်း ချုပ်နိုင်ဖို့ သံန္နိဌာန်ချထားတယ်လို့ KNLA တပ်မှူးတစ်ဉီးက ပြောပါတယ်။

တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နဲ့ကပ်လျက် အရေးပါသော ကုန်သွယ်ရေးမြို့ မြဝတီမြို့ရှိ မကြာ သေးမီက သိမ်းပိုက်ထားသော စစ်စခန်းတစ်ခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီအလံကို မီးရှို့ကာ ၎င်းတို့ရဲ့အလံ လွှင့်ထူခဲ့ပါတယ်။

မြဝတီမြို့ ဆုံးရှုံးရတာဟာ ထိန်းသိမ်းခံရဆဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည် ဉီးဆောင်သော ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာ ဏာသိမ်းခဲ့တဲ့ အင်အားကြီးမားသော မြန်မာစစ်တပ်အတွက် စစ်မြေပြင် ရှုံးနိမ့်မှုတစ်ခု ဖြစ်လာခဲ့ပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက မြဝတီမြို့ကို ပြန်လည်သိမ်းယူဖို့ ကြိုးစားခဲ့တယ်လို့ KNLA တပ်မဟာ ၆ ရဲ့ တပ်မှူး ဗိုလ်မှူးကြီး နာဒါးထူးက အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

KNLA က နယ်မြေအများစုကို ထိန်းချုပ်ထားကာ KNU သို့ အုပ်ချုပ်ရေးအာဏာ မလွှဲပြောင်းမီ အာဏာခိုင်မာအောင် ဆက်လက်လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးက ဧပြီလကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မြဝတီမြို့ကိုကာကွယ်ဖို့ တာဝန်ပေးခံထားရတဲ့ ရာနဲ့ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့စခန်းတွေကနေ ဆုတ်ခွာသွားခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ နီးပါး အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးမှာ ခံစစ်ပြင်ဆင်နေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းအာဏာပိုင်တွေ သို့မဟုတ် KNU ထံ လက်နက်ချရမှာဖြစ်ပြီး လက်နက်မချပါက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံရမယ်လို့ ဗိုလ်မှူးကြီး နာဒါးထူးက ပြော ပါတယ်။

လက်နက်ချပြီး ခိုလှုံခွင့်တောင်းပါက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်စပ်ဖြတ်သန်းခွင့်ပြုမယ် လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရီက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar rebels confident of holding Myawaddy

#Ayeyarwaddy_Times