
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
ဧပြီလ ၁ ရက်က ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးကို ဒုံးကျည်နဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေး ကို မတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီရန်နိုင်ငံကို အပြင်းအထန် တိုက်တွန်းလိုက်ပါ တယ်။
လူသေဆုံးမှုရှိတဲ့ အဆိုပါတိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ အီရန်နိုင်ငံက အပြစ်ဖို့ခဲ့ပြီး လက်တုံ့ပြန်ဖို့ ကတိပြုခဲ့ပါတယ်။
အစ္စရေးနိုင်ငံအပေါ် အီရန်က ဘယ်လိုတိုက်ခိုက်မလဲလို့ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒင်ကို မေးမြန်းခဲ့ရာ “အနှေးနဲ့အမြန်” တိုက်ခိုက်မယ်လို့ မျှော်လင့်ရကြောင်း ဖြေ ကြားခဲ့ပါတယ်။
အီရန်နိုင်ငံကို ဘာသတင်းစကားပါးချင်သလဲလို့ မေးမြန်းရာမှာ ဂျိုးဘိုင်ဒင်က ‘ဘာသတင်းစ ကားမှ မပါးချင်ပါဘူး” လို့ ရိုးရှင်းစွာ ပြောပါတယ်။
အမေရိကန်နိုင်ငံက အစ္စရေးကို ကာကွယ်ပေးသွားမှာဖြစ်လို့ အီရန်နိုင်ငံက အောင်မြင်မှုရမှာမ ဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။
အီရန်က အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်နိုင်တာ တစ်ကယ့် ခြိမ်းခြောက်မှုတစ်ခုလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံက ဒေသတွင်းရှိ မိမိတပ်ဖွဲ့ရဲ့အခြေအနေနဲ့ တိုးတက်ဖြစ်ထွန်းမှုကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သူက ဆိုပါတယ်။
အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုမှာ ဒရုန်း ၁၀၀ ကျော်နဲ့ အစ္စရေးနိုင်ငံတွင်းရှိ စစ်ရေးပစ်မှတ် တွေကို ရည်ရွယ်တဲ့ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေ ပါဝင်ဖွယ်ရှိတယ်လို့ CBS News သတင်းဌာနက တာဝန်ရှိ သူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ကိုးကား – NHK
Ref; Biden urges Tehran not to proceed with expected attack on Israel
#Ayeyarwaddy_Times