ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

မြန်မာနယ်စပ် ဘေးကင်းလုံခြုံရေးနဲ့ မြန်မာနိုင်ငံမှ မည်သည့်စစ်လေယာဉ်မျှ ထိုင်းလေပိုင်နက် အတွင်း ဝင်ရောက်ခွင့်မပြုဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။

ထိုင်းကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာရိုချိုင်းဟင်သောင်က ထိုင်း-မြန်မာနယ်စပ်တစ် လျှောက် အခြေအနေနဲ့ပတ်သက်လို့ သူ့ကို ရှင်းလင်းတင်ပြခဲ့တယ်လို့ Srettha Thavisin က ပြောပါ တယ်။

“အခြေအနေအားလုံး ထိန်းချုပ်ထားဆဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှ စစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်အတွင်း မကျူးကျော်အောင် တားဆီးဖို့ ကြည်း တပ်အကြီးအကဲနဲ့ လေတပ်ဖွဲ့အကြီးအကဲ Phanpakdee Pattanakul ကို ညွှန်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာပဋိပက္ခ ထိုင်းနိုင်ငံထဲ ပျံ့နှံ့လာတာ လက်သင့်ခံစရာမရှိဘူး။ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာလည်း လက်သင့်ခံစရာမရှိဘူး” လို့ ၎င်းက ပြောပါတယ်။

နယ်စပ်တစ်လျှောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံတွင်း အ စုလိုက်အပြုံလိုက် ဝင်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက အစီအမံတွေ ချမှတ်ထားတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက် မချိုးဖောက်ရေး မြန်မာလေတပ်ချုပ်ကို ပြောကြား ထားကြောင်း၊ မြန်မာလေတပ်ချုပ်ဟာ လာမည့်လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှာဖြစ်ကြောင်း Phanpakdee Pattanakul က ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ရေဒါစနစ်တွေက မြန်မာနိုင်ငံရဲ့ လေကြောင်းစစ်ဆင်ရေး တွေကို စောင့်ကြည့်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မတွေ့ရှိခဲ့ပေ။

နာခွန်စဝမ်ပြည်နယ်၊ Takhil ခရိုင်ရှိ F-16 ဂျက်တိုက်လေယာဉ်တွေကို အရေးပေါ်အခြေအနေအ တွက် ၁၅ မိနစ်အတွင်း ပျံသန်းနိုင်ရေး အသင့်အနေအထားရှိဖို့ ညွှန်ကြားခဲ့တယ်လို့ Phanpakdee Pattanakul က ဆိုပါတယ်။ တိုက်ခိုက်ရေး ဝေဟင်ကင်းလှည့်မှုတွေကို နယ်စပ်တစ်လျှောက်နဲ့ ထိရှ လွယ်သောဧရိယာတွေမှာ နေ့စဉ် လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာဟာ သောကြာနေ့က နယ်စပ်အခြေအနေ ကို အကဲဖြတ်ဖို့ တက်ခ်ခရိုင်၊ မဲဆောက်မြို့ကို သွားရောက်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Srettha orders border secured

#Ayeyarwaddy_Times