မြရာ/ဧရာ၀တီတိုင်းမ်

ဧပြီ ၁၄ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်တောကျေးရွာနှင့် ရွာရှည်ရွာကြားသို့ စစ်ကြောင်း ထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို မြင်းခြံ တော်လှန်ရေးအဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံး ဦးသေဆုံး ခဲ့ကြောင်း  တပ်ဖွဲ့ထံက သိရ သည်။

၀င်ရောက်လာသည့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၃ဝ ကျော်ပါစစ် ကြောင်းကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့တွင်  Myingyan Black Tiger(MBT) တပ်ဖွဲ့က ခုခံစစ်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှု များရှိခဲ့ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသည့် လူနှစ်ဦးကိုလည်းကယ် တင်နိုင်ခဲ့ကြောင်း သိရသည်။

“အင်အား ၃၀ ပါတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ သုံး ဦးသေပြီး တစ် ဦးထိခိုက်ဒဏ်ရာရသွားတယ်။ တောပုရွာကနေ လူသားဒိုင်းအဖြစ်ဖမ်းလာတဲ့ ရွာသား နှစ် ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ စည်းလုံးမှုနဲ့ ဆက်လက်ခုခံတော်လှန်သွားမှာပါ” ဟု MBT တပ်ဖွဲ့တာ၀န်ခံ ဗိုလ်မိုက်ခဲက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယင်းသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွား၍ ၎င်းတို့ဖမ်း ဆီးခေါ်ဆောင်လာသည့် လူနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ ၎င်းတို့ထံမှ ၆၀-မမ အဝေးပစ်ပို့ယမ်း ငါး ထုပ်ကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ထံက သိရသည်။

ဓာတ်ပုံ-Myingyan Black Tiger(MBT)

#မန္တလေး #မြင်းခြံ #စစ်ကောင်စီ #ပျူစောထီး #တိုက်ခိုက်ခံရ #၃ဦးသေဆုံး #PDF #MyingyanBlackTiger_MBT  #Ayeyarwaddy_Times