ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

အကြမ်းဖက်မှုဘေးသင့် မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံသားတွေ ခရီးသွားရောက်တာကို ပြည်ရေး ရာဝန်ကြီးဌာနက သတိပေးခဲ့ပြီး စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ အမှုထမ်းတွေကို နေရာရွှေ့ ပြောင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ မရေရာလှဘဲ ဆိုးရွားနေဆဲပဲလို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဂျိုင်ဝယ်လ်က အပတ်စဉ် မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံကိုသွားရောက်တဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ဘေးအန္တရာယ်ကင်းရေး လမ်းညွှန်ချက် တွေ လိုက်နာသင့်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ပါတယ်” လို့ သူက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်တွေမြို့ရှိ ကောင်စစ်ဝန်ရုံးမှ အမှုထမ်း တွေကို ရန်ကုန်မြို့သို့ ရွှေ့ပြောင်းခဲ့ပေမယ့် မန္တလေးမြို့က ကောင်စစ်ဝန်ရုံးက အပြည့်အဝ လည်ပတ်နေ ဆဲလို့ ၎င်းက ဆက်ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေး ကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေကျရောက်ခဲ့ပြီး တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင်တွန်းလှန်မှုတွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်တွေမှာ နယ်မြေစိုးပိုင်မှုတွေ ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ဝင်အင်အား လျှော့နည်းလာခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား နောက်ဆုံးအကြိမ်တိုက်ပွဲကြောင့် မြန်မာနိုင်ငံမှာ ပြည် သူ ၂၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကိုးကား – India Today
Ref; India relocates consulate staff in Myanmar, issues travel advisory

#Ayeyarwaddy_Times