ဧရာဝတီတိုင်းမ်

(မဲဆောက်)၊ ဧပြီ ၁၂ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Queen Palace ဟိုတယ်တွင် ယနေ့ ဧပြီ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် မြန်မာအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၆၅) နှစ်အရွယ် ဒေါ်မီမီထွန်း ဆိုသူဖြစ်ပြီး Queen Palace ဟိုတယ် သုံးထပ်မြောက်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ပြီး  ရုပ်အလောင်းကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“၂၀၀၉၊ ၂၀၁၀ထဲကဒီဘက်ရောက်နေတာ။ သုံးလွှာကနေပြုတ်ကျတာပေါ့။ အလောင်းကတော့လောလောဆယ် ဆေးရုံကြီး သယ်သွားတယ်ပြောတယ်” ဟု မဲဆောက်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် သေဆုံးခဲ့သည့် အမျိုးသမီးမှာ မည်သည့်အကြောင်းကြောင့် ပြုတ်ကျသေဆုံးခဲ့ရခြင်းကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မဲဆောက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Queen Palace Hotel

#မဲဆောက် #အမျိုးသမီး #ပြုတ်ကျသေဆုံး #ဟိုတယ် #Ayeyarwaddy_Times