
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁၂ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေး ဦး သေဆုံးသွားကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံက သိရသည်။
ဧပြီလ ၁၁ ရက် ညနေ (၆)နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းကိုT2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီး(၂)လုံး ကြဲချ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
“ခိုင်လုံတဲ့ သတင်းရင်းမြစ်အရ စစ်သားလေးဦးသေတယ်။ အခြားထိခိုက်ဒဏ်ရာရ တာတွေလည်းရှိတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ် တာတွေရှိတယ်”ဟုမြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်သား လေးဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များဖက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းအနေဖြင့် စစ်ရေးအရှိန်မြှင့်၍ အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်၎င်းတို့တပ်စွဲရာနေရာ
များနှင့် အနီးကပ်နေထိုင်သွားလာခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း
#ပလမြို့ရဲစခန်း #ဒရုန်း #ဗုံးကြဲတိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား #၄ဦးသေဆုံး #Ayeyarwaddy_Times