
ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်တွင် မတ်လ ၂၈ရက်နေ့က စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကို ခံရသော ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်း(ခေါ်) ကိုဇော်နိုင်ဝင်းသည် စစ်ကြောရေးတွင်နေ့စဥ် နှိပ်စက်ခံနေရပြီး ၁၅ ရက်ကျော်ကြာနေပြီဖြစ်ကြောင်းသတင်းရရှိသည်။
ကိုသူရိန်လင်းကို မြန်အောင်မြို့အခြေစိုက် အမှတ်(၅၁) ခြေလျင်တပ်ရင်းရှိ စစ်ကြောရေးတွင် နေ့စဥ်ရိုက်နှက် စစ်ဆေးနေကြောင်း စစ်ကောင်စီနှင့်နိီးစပ်သူများထံမှသိရသည်။
“အဓိက သူက PDFတာ၀န်ခံဆိုတော့ သူ့စခန်းနေရာကို ရိုက်စစ်နေတာ ဒါပေမယ့် သူ့အဖွဲ့တွေအကုန်လုံးကသတင်းကြိုရပြီးရှောင်တိမ်းသွားတော့သူ့ကိုထပ်နှိပ်စက်နေတာ ခုထိစစ်ကြောရေးမှာပဲရှိသေးတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တိီတိုင်မ်းကိုပြောသည်။
ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုသူရိန်လင်းသည် ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့တွင် စစ်ကောင်စီထံတွင် စစ်မှုထမ်းဆောင်လိုခြင်းမရှိပဲ PDFအဖွဲ့သို့ ၀င်ရောက်လိုသူ လူငယ်တစ်ဦးကို လာရောက်ခေါ်ဆောင်စဥ် ကြံခင်းမြို့၊ ပိုးစုကြီးကျေးရွာအုပ်စု၊ စပါးအိုးရွာတွင်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ -ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်း(ခေါ်) ကိုဇော်နိုင်ဝင်း
#ကြံခင်းမြို့နယ် #ဖမ်းဆီးခံရသည့် #ရိုးမဧရာ#PDFအဖွဲ့ #တာ၀န်ခံ #စစ်ကြောရေး #နှိပ်စက်စစ်ဆေး #မြန်အောင်မြို့ #ခလရ၅၁#Ayeyarwaddy_Times