ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

မျက်နှာစာပေါင်းစုံမှာ ပိတ်ဆို့ခံနေရပြီး ဘက်ပြောင်းခိုလှုံမှုတွေ ကြုံတွေ့နေရကာ လက်နက်ကိုင် တပ်ဖွဲ့ရှိ အဆင့်အသီးသီးကြား ကစဉ့်ကလျားဖြစ်နေသော တိုင်းပြည်ကို လွှမ်းမိုးခဲ့တဲ့ မြန်မာစစ်တပ်ဟာ ထင်တာထက် ပိုမိုမြန်ဆန်စွာ အဆုံးသတ်မှုဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေ လက်ရှိ ရင်ဆိုင်နေရပါတယ်။

အင်အားချည့်နဲ့နေသော မြန်မာစစ်တပ်ကို ရင်ဆိုင်ရာမှာ ရင်းနှီးမှုတွေ၊ ပိုမိုရဲဝံ့မှုတွေ ခိုင်မာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားသော အတိုက်အခံအင်အားစုတွေဟာ အာဏာသိမ်း မှုဖြစ်စဉ်နောက်ပိုင်း အကြမ်းမဖက်ရေးလှုပ်ရှားမှကို စွန့်ပယ်ခဲ့တဲ့ ဗမာအများစုကို အခြေခံပြီး ဖွဲ့စည်း ထားသော စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း သိသာ ထင်ရှားသော အောင်ပွဲတွေများစွာ ရရှိခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေများစွာ တည်ရှိရာ ထိုင်းနိုင် ငံဘက်ခြမ်း မဲဆောက်မြို့နဲ့ကပ်လျက် ကျဉ်းမြောင်းသော မြစ်တစ်စင်းဖြစ်တဲ့ သောင်ရင်းမြစ်ဘေးရှိ မြန် မာနိုင်ငံ၊ မြဝတီမြို့ကို မကြာသေးမီက သိမ်းပိုက်ခဲ့ပါတယ်။

ကုန်သွယ်ရေးပြုလုပ်ရာမှာ အချက်အချာကျသော မြဝတီမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်တာကြောင့် အကူအညီတွေနဲ့ စစ်လက်နက်တွေကို အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ပိုင် နက်နယ်မြေတွေဆီ တိုက်ရိုက် ပို့ဆောင်မယ့် လမ်းကြောင်းတစ်ခု ပွင့်သွားစေပါတယ်။

ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရေးပါသော မြဝတီမြို့ကို သိမ်းပိုက်ခဲ့လို့ ရာနဲ့ ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ရာ ပြီးခဲ့တဲ့လတွေအတွင်း လက်နက်ချ၊ ဘက်ပြောင်းခိုလှုံ တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ဟာ တိုးလာနေပါတယ်။

မြဝတီမြို့ကို သိမ်းပိုက်လိုက်တာကြောင့် လူသားချင်းစာနာမှုအဖွဲ့တွေ၊ ပြည်ပအစိုးရတွေက ထိုင်းအစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်ကာ အတိုက်အခံတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာနယ်မြေတွေသို့ လက် နက်မဟုတ်သော အကူအညီတွေ ပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ထိုင်းအစိုးရကလည်း ထိုအစီအစဉ် ကို အာမ,မခံပေမယ့် သဘောတူပါတယ်။

စစ်လက်နက်တွေကိုလည်း မြဝတီမြို့မှတစ်ဆင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေသို့ ရွှေ့ပြောင်းနိုင်တော့မှာဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေကို ပံ့ပိုးကူညီဖို့ နှစ်ပေါင်းများ စွာ ကြိုးပမ်းခဲ့တဲ့ လွှတ်တော်အမတ်တွေရှိရာ ကွန်ဂရက်မှာ စိတ်ပျက်စရာအချို့ကြောင့် ဂြိုဟ်တုဆက် သွယ်ရေးပစ္စည်းတွေလိုမျိုး စစ်လက်နက်မဟုတ်တဲ့ အကူအညီတွေပေးပို့ဖို့ အမေရိကန်နိုင်ငံက ရှောင် ရှားခဲ့ပါတယ်။

သို့သော်လည်းပဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုဆိုရင် လက်နက်ပွဲစားအမျိုး မျိုးမှတစ်ဆင့် နယ်စပ်တစ်လျှောက် စစ်လက်နက်တွေကို ပိုမို လွယ်ကူစွာ ရရှိနိုင်ပါပြီ။ မြန်မာစစ်ကောင် စီဟာ အင်အားချည့်နဲ့နေပြီလို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က လူသိရှင်ကြား ပြောကြားခဲ့ရာ မြန် မာစစ်တပ်နဲ့ ဆယ်စုနှစ်ချီ အနီးကပ် ဆက်ဆံမှုရှိခဲ့တဲ့ ထိုင်းနိုင်ငံမှ ခေါင်းဆောင်တစ်ဉီးရဲ့ ဝန်ခံမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြဝတီမြို့မှ စစ်ကောင်စီဝန်ထမ်းတွေကို ဘေးလွတ် ရာရွှေ့ပြောင်းဖို့ ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့မှာ လေယာဉ်ဆင်းသက်ခွင့်ပြုဖို့ စစ်ကောင်စီရဲ့ မေတ္တာရပ်ခံ ချက်ကိုလည်း သူက ငြင်းဆန်ခဲ့ပါတယ်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်း ကုန်စည်အချို့ကို စုပုံခွင့်ပြုမှာ ဖြစ်ပေမယ့် ထွက်ပြေးတဲ့ မြန်မာစစ်သားတွေကို သယ်ဆောင်မယ့်လေယာဉ် ဆင်းသက်ခွင့်မပြုဘူးလို့ Srettha Thavisin က ပြောပါတယ်။

အတိုက်အခံအင်အားစုတွေဟာ မကြာသေးမီက အောင်ပွဲတွေ ဆက်တိုက်ရရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကို အခက်တွေ့စေခဲ့ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်မှုစတင်ခဲ့ပြီး မြန်မာစစ်တပ်ကို သိသာသော ထိုးနှက် ချက်တွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နယ်မြေတွေ သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအ ပြား လက်နက်ချပြီး ဘက်ပြောင်းခိုလှုံမှုတွေ ဖြစ်စေခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ဆင်မှုက မြန်မာစစ်တပ်ကို အထိ နာစေခဲ့ရာ တိုင်းပြည်ရဲ့ အခြားနေရာတွေမှာလည်း အတိုက်အခံတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ ပါတယ်။ မြန်မာစစ်တပ်ဟာ မြဝတီမြို့မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြင်းထန်သော တိုက်ခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။

ရက္ခိုင့်တပ်တော် (AA) က အရေးပါသော မြန်မာစစ်ကောင်စီတပ်ရင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ သလို မြန်မာနိုင်ငံအနောက်ပိုင်းမှာ အလွန်အရေးပါသော မြန်မာစစ်တပ် အခြေစိုက်စခန်းတွေ၊ လေ့ကျင့် ရေးကျောင်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအလယ်ပိုင်း က ခံတပ်မြို့တော် နေပြည်တော်မှာပင် ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

အတိုက်အခံတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုက မည်သည့်နေရာ ထိမှန်ခဲ့တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ အလုံခြုံဆုံးနေရာလို့ ယူဆရတဲ့ ခံတပ်မြို့တော် နေ ပြည်တော်မြို့တော် ဒရုန်းနဲ့တိုက်ခိုက်ခံရတာဟာ စစ်ကောင်စီရဲ့ထောက်လှမ်းရေးအဖွဲ့ဟာ အခြားအဖွဲ့ တွေလိုမျိုး ယိုယွင်းပျက်စီးနေတာကို ပြသနေပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ လက်နက်ချသူ များပြားလာမှုနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို အင်အားလျှော့နည်းစေပြီး လက်နက်မျိုးစုံ သိမ်းပိုက် နေပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ကျဆုံးမှု မကြာမီ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်က Council on Foreign Relations ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ မြန်မာ့အရေး ကျွမ်းကျင် သူ ဆောင်းပါးရှင် Joshua Kurlantzick ရဲ့ Myanmar’s military is facing defeat amid civil war ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times