
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ အစပျိုးရာမှာ ထိရှ လွယ်သော ပြဿနာတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ဆွေးနွေးခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ်ပြီးနောက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာအစုအဖွဲ့အားလုံးနဲ့ ဆွေးနွေးရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ မြန် မာစစ်ကောင်စီဟာ အင်အားချည့်နဲ့နေလို့ တွေ့ဆုံဆွေးနွေးဖို့ အချိန်အခါကောင်းတစ်ခုလို့ ဒီအပတ်အ စောပိုင်းက ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ ကြားနေဝါဒကျင့်သုံးဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀၀ ကို လက်ခံနိုင်တယ်လို့ ဧပြီလ ၉ ရက်မှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါက ပြောပါတယ်။
မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ ထိတွေ့ ဆက်ဆံကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရည်ရွယ်ကာ လူသားချင်း စာနာမှုအကူအညီ ပေးအပ်တာအပါအဝင် ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ Srettha Thavisin ဝန်ကြီးချုပ်ဖြစ် လာပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုပေါင်းစုံ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ကန့်ကွက်မှုတွေရှိလင့်ကစား ထိုင်းလွှတ်တော်အမတ်တွေဟာ မြန် မာစစ်တပ် အတိုက်အခံတွေတက်ရောက်တဲ့ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲကို မတ်လအတွင်း ကျင်းပခဲ့ပါ တယ်။
ကိုးကား – Reuters
Ref; Thai PM says sensitive issues at play in Myanmar dialogue, must address all sides