ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

မြန်မာဒုက္ခသည်တွေ ထိုးဖောက်ဝင်ရောက်မှုကို ဟန့်တားဖို့နဲ့ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေ သတွေမှာ တည်ငြိမ်မှုရှိရေး အိန္ဒိယအစိုးရက လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောပါ တယ်။

“အိန္ဒိယအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးတည်ဆောက်မှု စတင်ပါပြီ” လို့ Assam Tribune နဲ့ အင်တာဗျူးတစ်ခုအတွင်း သူက ပြောပါတယ်။

အိန္ဒိယနဲ့မြန်မာကြား လွတ်လပ်စွာ သွားလာခွင့်ဖျက်သိမ်းတာ၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် နယ်ခြားစောင့်တပ်ဖွဲ့တွေ တိုးမြှင့်တပ်ချတာ၊ လုံခြုံရေးအေဂျင်စီတွေ အနီးကပ် ညှိနှိုင်းဆောင်ရွက်တာနဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ကို ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်လိုမျိုး ခြံစည်းရိုးခတ်မယ်လို့ ပြည်ထဲရေးဝန် ကြီး အေမက်ရှားက ဖေဖော်ဝါရီလ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြည်နယ်တွင်းရှိာ တရားမဝင် ရွှေ့ပြောင်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ခံဖို့ မီဇို ရမ်ပြည်နယ်အစိုးရကို ဗဟိုအစိုးရက တိုက်တွန်းကြောင်း နာရင်ဒရာမိုဒီက ပြောပါတယ်။

မြေပြင်က ပြောင်းလဲနေသော ပကတိအရှိတရားတွေကို ထိန်းညှိမယ့် မူဝါဒအပြောင်းအလဲတွေ ဗဟိုအစိုးရက ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေ နေရပ်ကို ငြိမ်းချမ်းစွာပြန်နိုင်ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်မှုပြန်ရစေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – First Post
Ref; Indian govt taken several steps to prevent infiltration, secure borders with Myanmar: PM Modi

#Ayeyarwaddy_Times