
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ယူကရိန်းနိုင်ငံက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အပြည့်အဝ ကာကွယ်ဖို့ ပက်ထရီးယော့ လေ ကြောင်းရန်ကာကွယ်ရေးစနစ် ၂၅ ခု လိုအပ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံအပေါ် ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေစဉ် သူက အခုလို မှတ်ချက်ပြုတာပါ။ စနေနေ့က ရုရှားရဲ့ လူနေဧရိယာတွေအပေါ် တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ခါကတ်ဗ်မြို့တော်ရှိ အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့တယ်လို့ စနေနေ့ကထုတ်လွှင့်တဲ့ ဒေသန္တရမီဒီယာနဲ့ အင် တာဗျူးတစ်ခုမှာ ဇီလန်စကီးက ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေလို ရုရှားက ယူကရိန်းနိုင်ငံအပေါ် နေ့စဉ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ် မယ်ဆိုပါက ယူကရိန်းနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပြတ်လပ်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။
အနောက်နိုင်ငံတွေက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ မြန်ဆန်စွာ ပံ့ပိုးကူညီကြဖို့ သူက တောင်းဆိုခဲ့ပြီး ယူကရိန်းက နယ်မြေကျယ်ပြောတာကြောင့် ပက်ထရီးယော့ဒုံးခွင်းစနစ် ၂၅ ခု လိုအပ် တယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့နဲ့ ယူကရိန်းပိုင်နက်တွေ ပြန်ပေးဖို့ တောင်းဆိုထားတဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးစီမံချက်ကို ဆွေးနွေးဖို့ ဆွစ်ဇာလန်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လာမယ့်ရက်တွေအတွင်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ ဖွင့်လှစ်မယ့်ရက်သတ်မှတ်ဖို့ ယူက ရိန်းက ဆွစ်ဇာလန်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
“ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံ ၁၀၀ ဝန်းကျင်ပါဝင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်။ ဒါဟာ အကြီးကျယ်ဆုံး ထိပ်သီးအစည်းအဝေးဖြစ်လာဖို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ သူ က ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy says Ukraine needs 25 Patriot air defense systems