ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် ပြီးခဲ့သည့်မတ်လအတွင်း ခိုးမှု၊ ဓါးပြတိုက်မှု၊ လုယက်မှုများ နေ့စဥ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ​သောအမှု ၃၀ကျော်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။

“မတ်လအတွင်း တစ်တိုင်းလုံး လုယက်မှု၊ ဓါးပြတိုက်၊ ခိုးမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တရားခံ မမိတာ ၃၂မှုရှိတယ်၊ တစ်ချို့ ရဲနဲ့ မပတ်သတ်ချင်လို့ မတိုင်တာတွေရှိသေးတယ်”ဟု တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြီးခဲ့သည့်မတ်လအတွင်းပုသိမ်၊ ဝါးခယ်မ၊ ၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်မြို့နယ်များတွင် လုယက်ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၀င်အများစုမှာ လောင်းကစားနှင့်မူးယစ်ဆေး ရောင်းချသူများထံမှ လာဘ်ငွေတောင်းခံခြင်း ၊အချိန်ပြည့် အရက်သောက်စားခြင်းများ နှင့် PDFများ၀င်ရောက်လာနိုင်သောကြောင့်မြို့၀င် ဂိတ်များနှင့် ရပ်ကွက်များကို စောင့်ကြည့်နေရခြင်းကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အားနည်းလာကြောင်း ရဲတပ်ဖွဲ့၀င် အငြိမ်းစားတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

“မနက်အစောကြီးလာခိုးတာဆိုင်ကယ်ကို CCTVကပြန်ကြည့်တာတော့ အုပ်စုနဲ့လာကြတာ အနည်းဆုံး၅ယောက်ပါတယ် အိမ်တံခါးကိုဖျက်၀င်ပြီး ဆိုင်ကယ်တွေကိုတွန်းထုတ်သွားတာ ရဲသွားတိုင်လဲ နှစ်လရှိပြီဘာမှ မထူးဘူး”ဟု မတ်လအတွင်းက နေအိမ်အတွင်းမှ ဆိုင်ကယ်ခိုးယူခံရသော ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာ အဓိကထားပြီး ဖမ်းဆီးနေသောကြောင့် ခိုဆိုးလုနှိုက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစား၊ လုယက်မှု၊မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်း လုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။

#ဧရာ၀တီတိုင်း #ခိုးမှု #ဓါးပြတိုက်မှု #လုယက်မှု #နေ့စဥ်ဖြစ်ပွား #ကျူးလွန်သူများ #ဖမ်းဆီးနိုင်ခြင်းမရှိ
#Ayeyarwaddy_Times