
ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
မြန်မာနိုင်ငံက နိုင်ငံတကာလုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို သတိပေးခဲ့ပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပိုမိုပေးအပ်ဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
“မြန်မာ့အရေးက နိုင်ငံတကာလုံခြုံရေး အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါ တယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်သူ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်း တွေ ခိုလှုံရာ အချက်အချာနေရာ၊ ဒုက္ခသည်အကျပ်အတည်းတွေ ဖြစ်ပေါ်ရာနေရာ ဖြစ်လာခဲ့ပါတယ်။ ကျေးရွာတွေ မီးရှို့တာ၊ နှိပ်စက်တာ၊ ခေါင်းဖြတ်သတ်တာ၊ ပဋိပက္ခအတွင်း ရက်စက်သောအပြုအမူတေွ ကျူးလွန်တဲ့သတင်းတွေက ကျွန်တော်တို့ကို ကြောက်ရွံ့တုန်လှုပ်စေပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအပေါ် အရေးယူမယ့် နိုင်ငံရေးလုပ်ငန်းစဉ်လုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှု အ ကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဗြိတိန်နိုင်ငံက ကုလ သမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
“မြန်မာပဋိပက္ခကို မေ့လျော့ခံအကျပ်အတည်းတစ်ခု ဖြစ်ခွင့်မပြုပါဘူး။ မြန်မာပြည်သူတွေအ တွက် ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော ပိုမိုကောင်းမွန်သော အနာဂတ်တစ်ရပ် တည်ဆောက်ဖို့ ထပ် လောင်း တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဝပ်ဒ်က ပြောပါ တယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်နက်တင်ပို့မှုပိတ်ပင်တာ၊ မြန်မာ့အရေးကို ICJ သို့ လွှဲ ပြောင်းပေးတာနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာတွေလိုမျို လက်တွေ့ကျ သော အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဒေ သဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဆက်တန်က ပြောပါတယ်။
ကိုးကား – UCA News
Ref; Myanmar is a ‘growing threat to international security’