ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ကျုံပျော်မြို့နယ်တွင် စစ်မှုထမ်းရန် ပထမအကြိမ် မဲနှိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် မဲနှိုက်ရန်အတွက် လူစာရင်း ထုတ်ပြန်ဆောင်ရွက်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ဒုတိယအကြိမ် မဲစာရင်းအတွင်ပါဝင်သူများမှာ ရရာ နည်းလမ်းများဖြင့် အခြားဒေသများသို့ သွားရောက်နေကြပြီ ပြည်ပထွက်ခွာသူများပါ ရာနှင့်ချီနေကြောင်းကျုံပျော်မြို့နယ်ရှိ ဒေသခံများထံမှသိရသည်။

“မဲနှိုက်ပြီတာ ရက် ၂၀ ကျော်လောက်ပဲရှိသေးတယ်၊ အခု နောက်ထပ်မဲနှိုက်ဖို့ ဆိုပြီး လူစာရင်းထပ်ထွက်လာတယ် ။ ပါတဲ့သူတွေကအခု မွန်ပြည်နယ်ဘက်ရော မြဝတီ ထိုင်း ဘက်တွေပါ ရတဲ့ပုံစံနဲ့ထွက်နေကြတယ် အချို့ဆို ရှိတာတွေရောင်းချပြီး တရုတ်ဘက်ကို ပါထွက်နေကြပြီ ” ဟု ကျုံပျော်မြို့နယ် မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပထမအကြိမ်မဲနှိုက်ရာတွင် အသက် ၁၈ မှ ၂၄ နှစ်အထိလူငယ်များပါဝင်ခဲ့ပြီး ဒုတိယအကြိမ်း မဲစာရင်းတွင် ၂၄ မှ ၃၅ အထိ လူငယ်များပါဝင်လာကြောင်း သိရသည်။

“ဒီကောင်တွေမဲနှိုက်တာက တစ်နေရာနှင့်တစ်နေရာမတူဘူး ။ အချို့ရွာတွေမှာအသက် ၃၃ နှစ်အထိပါတယ် ။ အခုစာရင်းမှာကျတော့ ၂၄ နှစ်ကနေ ၃၅ နှစ်အထိပါနေတယ် ပြီးတော့ ရွာမှာမရှိတဲ့သူတွေရော တစ်ခါမှမကြားဘူးတဲ့ လူနာမည်တွေပါ တွေ့နေရတယ် “ဟု ကျုံပျော်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ မဲစာရင်းတွင်ပါဝင်သူများအား အခြားနေရာများသို့သွားလာခြင်းမပြုရန် နှင့် မဲပေါက်သူများအနေဖြင့် ထွက်ပြေးပါက မိသာစုကိုပါအရေးယူမည်ဟု အုပ်ချုပ်ရေးမှူးများမှ တဆင့်ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်နေကြောင်း သိရသည်။

#ပြည်သူ့စစ်မှုထမ်းဥပဒေ #ကျုံပျော်မြို့နယ် #ဒုတိယအကြိမ် #မဲနှိုက်ရန်စီစဉ် #Ayeyarwaddy_Times