ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၆ ရက်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်မြန်မာ ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပစ်သတ်ခံရသူသည် အောင်မြန်မာကျေးရွာရှိ အသက် (၄၀) ကျော် အရွယ် ဦးဒီပါဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ ဥယျာဥ်ခြံမှ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ဦးဒီပါ ကို စစ်တပ်နဲ့ပတ်သက်တာတွေမလုပ်ဖို့ ကျွန်တော်တို့ အကြိမ်ကြိမ်သတိ ပေးခဲ့တယ်။သူ က လိုက်နာမှုမရှိဘဲ ဆက်လုပ်တယ်။ ဒါကြောင့် သူ့ဥယျာဥ်ခြံကအပြန် လမ်းမှာ ကျည်ဆံတစ်တောင့်တည်းပဲ သုံးပြီးပစ်ခတ်ခဲ့တယ်။ အဲဒီနားမှာပဲ မှောက်လျက် အနေထားနဲ့ တသ်ခါတည်းသေသွားတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ ဦးဒီပါသည် ကျေးရွာနေ ဒေသခံပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ငွေကြေးကောက်ခံတောင်းယူ၍ လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ စစ်မှုထမ်း ဥပဒေ အတွက် အားကြိုး မာန်တက် ဖြင့်လူဦးရေစာရင်း ကောက်ယူပေးခြင်းများ ပြုလုပ်နေ သောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ဒေါက်တိုင်များအနေဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ထိထိရောက်ရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ – သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးဒီပါ

#ခမောက်ကြီးမြို့နယ် #အောင်မြန်မာကျေးရွာ #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times