ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ဂါဇာဒေသနဲ့ပတ်သက်တဲ့ အမေရိကန်နိုင်ငံရဲ့မူဝါဒဟာ အရပ်သားတွေနဲ့ အကူအညီပေးရေး လုပ်သားတွေကို ကာကွယ်ပေးမယ့် အစီအမံသစ်တွေ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်မှုအပေါ် မူတည်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို သတိပေးလိုက်ပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ လူသားချင်းစာနာမှုဘေးဒုက္ခကြုံတွေ့တာနဲ့ အကူအညီပေး ရေးလုပ်သားတွေ ဘေးကင်းရေးဖြေရှင်းမယ့် လက်တွေ့ကျသော အစီအမံတွေ ကြေညာပြီး အကောင်အ ထည်ဖော်ဖို့ အစ္စရေးနိုင်ငံက လိုအပ်တယ်လို့ နေတန်ယာဟုနဲ့ ဖုန်းပြောဆိုမှုတစ်ခုအတွင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက ဂါဇာဒေသမှာ အမေရိကန်နိုင်ငံအခြေစိုက် အကူအညီပေးရေးအဖွဲ့ World Central Kitchen မှ အဖွဲ့ဝင် ၇ ဉီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြီးနောက် ၎င်းတို့နှစ်ဉီး ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့တာပါ။

လူသားချင်းစာနာမှုလုပ်သားတွေနဲ့ လူသားချင်းစာနာမှုအခြေအနေအပေါ် တိုက်ခိုက်မှုတွေဟာ လက်သင့်ခံစရာမရှိကြောင်း ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုပါ တယ်။

လူသားချင်းစာနာမှု အခြေအနေ တိုးတက်လာဖို့နဲ့ အပြစ်မဲ့ အရပ်သားတွေကို ကာကွယ်ပေးရာ မှာ ချက်ချင်း အပစ်အခတ်ရပ်စဲမှုတစ်ရပ် မရှိမဖြစ်လိုအပ်တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
ခေါင်းဆောင်နှစ်ဉီးက အစ္စရေးနိုင်ငံနဲ့ အစ္စရေးပြည်သူတွေအပေါ် အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှု တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံဘက်မှာ စစ်မှန်သော အပြောင်းအလဲတွေ မြင်တွေ့လိုတယ်လို့ ခေါင်းဆောင်နှစ်ဉီး ဖုန်းပြောဆိုပြီးနောက် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဆက်သွယ်ရေးအကြံပေး ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသကို လူသားချင်းစာနာမှု အကူအညီရောက်ရှိမှု များပြာလာတာနဲ့ လာမယ့်ရက်တွေအ တွင်း အရပ်သားနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို အကြမ်းဖက်မှု လျှော့နည်းလာတာကို မြင်တွေ့ဖို့ အ မေရိကန်နိုင်ငံက မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Biden warns US policy on Gaza could change if Israel fails to protect civilians

#Ayeyarwaddy_Times