ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ‘စစ်ဆင်ရေး ၁၀၂၇’ ကို စတင် ကာ အံ့မခန်း ရုတ်တရက် ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ စစ်မှုထမ်းဥ ပဒေကို ပြဌာန်းပြီး အဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

နယ်စပ်ဒေသတွေနဲ့ ရခိုင်၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ တိုက်ပွဲတွေမှာ နယ်မြေတွေ၊ စစ်ဘက်အခြေစိုက်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေ ဆုံး ရှုံးခဲ့ရပေမယ့် စစ်ကောင်စီဟာ အာဏာထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ချက်ချင်း ပြိုလဲဖို့ မ ဖြစ်နိုင်သေးပါဘူး။

ခန့်မှန်းချေ မြို့ပေါင်း ၅၀ ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ ရက္ခိုင့်တပ်တော် (AA) နဲ့ KNU အပြင် တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်လွှတ်ခဲ့ရပေမယ့် ဘယ်ပြည်နယ်မြို့တော် သို့မဟုတ် မြန်မာစစ်တပ် ဌာနချုပ်မှ ယခုအချိန်ထိ သိမ်းပိုက်ခံရခြင်း မရှိသေးပါ။

တိုက်ပွဲတွေကို ရှောင်ပြေးဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံထဲ ထွက်ပြေးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်တွေ ပြိုလဲနေပေမယ့် စစ်ကောင်စီ ဟာ တိုင်းပြည်ရဲ့အလယ်ဗဟိုကို ချုပ်ကိုင်ထားဆဲဖြစ်ကာ လေကြောင်းအင်အားနဲ့ စစ်လက်နက်ထုတ် လုပ်ရေးကို မှီခိုနေပါတယ်။

စစ်လက်နက်ထုတ်လုပ်ရေးဇုန်တွေနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်များ

စီးပွားရေးမြို့တော် ရန်ကုန်မှသည် စစ်လက်နက်ထုတ်လုပ်ရေး အချက်အချာ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့၊ မြို့တော် နေပြည်တော်နဲ့ ရှေးဟောင်းမြို့တော် မန္တလေးအပြင် အရေးပါသောတပ်နယ်မြေ တွေနဲ့ မိတ္ထီလာကဲ့သို့သော လေတပ်အခြေစိုက်စခန်းတွေရှိရာ မြို့ပြဒေသတွေမှာ တည်ငြိမ်မှုရှိနေဆဲဖြစ် ပါတယ်။

ပင်လယ်ပြင်ရေလမ်းကြောင်းကနေ ကုန်သွယ်မှုတွေပြုလုပ်တာဟာ ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့ ရပ်တန့်သွားပြီဖြစ်တဲ့ ကုန်းလမ်းကြောင်းတွေကို အစားမထိုးနိုင်ပေမယ့် လေယာဉ်ဆီနဲ့ စစ်လက်နက် တွေ တင်ပို့မှုအတွက် အရေးကြီးပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်လက်နက်ပမာဏများစွာ သိမ်း ပိုက်နိုင်ပေမယ့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေက ဗုံးတွေ၊ ကျည်ဆံတွေ၊ အ မြောက်ကျည်တွေနဲ့ စစ်လက်နက်တွေ ဆက်လက်ထုတ်လုပ်နေပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက ရာနဲ့ချီတဲ့ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေနဲ့ သယ်ယူပို့ဆောင် ရေးကွန်ရက်တွေကြောင့် မြန်မာစစ်တပ်ဟာ နေရာများစွာမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် နေဆဲပါ။

စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာ

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ခဲ့ရာ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုတိုးလာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ မှတ်တမ်းတင်ထားတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ် ရှိခဲ့ရာ ၂၀၂၂ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုက ၁၂၂၈ ကြိမ်အထိ မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ၁၂၂ ရက်အတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၇၅၀ ကြိမ်အထိ တစ် ရက်လျင် ၆ ကြိမ်နှုန်း လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူသေ ကျေမှု မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အရပ်သား ၆၃ ဉီး သေဆုံးကာ ၄၂ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၆၀ ဉီး သေဆုံး ခဲ့ပြီး ၈၅ ဉီး ဒဏ်ရာရရှိကာ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၆၁၃ ဉီးနဲ့ ဒဏ်ရာရရှိသူ ၇၅၁ ဉီးအထိ ရှိ လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဖြစ် စဉ်အချို့မှာ စစ်ကောင်စီဟာ မီးလောင်ဗုံးတွေကြဲချခဲ့သလို အဖျက်စွမ်းအားမြင့်လက်နက်တွေ အသုံးပြုခဲ့ ပါတယ်။
မကြာသေးမီက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မူဆလင်ရိုဟင်ဂျာ ၂၀ ကျော်ကို သတ်ဖြတ်မှု၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို မီးလောင်တိုက်သွင်းမှုက စစ်ကောင်စီရဲ့ အဖျက်စွမ်းအားနဲ့ လက်နက်ကြီး ပိုမို အသုံးပြုမှု၊ လက်နက်တပ်ဒရုန်းတွေ တိုးမြှင့်သုံးလာမှုကို မီးမောင်းထိုးပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်လေးခုမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကယားပြည်နယ်မှာ အရပ်သားတွေကို နှစ်နာရီအတွင်း ၃၂ ကြိမ်အ ထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောင်းချမှုတွေကို တရုတ်နဲ့ လိုက်ဘေးရီး ယားအလံတေွ လွှင့်ထူထားတဲ့ ဆီတင်သင်္ဘောတွေက ဗီယက်နမ်နိုင်ငံရှိ လောင်စာကန်တွေတစ်ဆင့် လုပ်ဆောင်ခဲ့ပေမယ့် ပိုင်ဆိုင်မှုကိုတော့ မဖော်ထုတ်နိုင်ခဲ့ဘူးလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ (AI) က ဇန်နဝါရီလကုန်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဩစတြေးလျနိုင်ငံက မြန်မာစစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ မြန်မာကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်တွေရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူ ခဲ့ပေမယ့် လေယာဉ်ဆီတင်ပို့တဲ့ ကုမ္ပဏီတွေကိုတော့ ၂၀၂၃ ခုနှစ်၊ မတ်လနဲ့ ဩဂုတ်လအတွင်း ဒဏ်ခတ် ပိတ်ဆို့ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နည်းပါးလာစေဖို့ ဒဏ်ခတ် ပိတ်ဆို့တဲ့ အစီအမံတွေကို ညှိနှိုင်းလုပ်ဆောင်သင့်ပါတယ်။
ဧပြီလ ၄ ရက်က The Interpreter ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် မြန်မာ့အရေးကျွမ်းကျင်သူ David Scott Mathieson ရေးသားထားတဲ့ How the Myanmar regime is surviving ကို ဆီလျော်အောင် ဘာသာ ပြန်ထားပါသည်။

#Ayeyarwaddy_Times