
(မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့တာကို တရုတ်က ဆန့်ကျင်)
ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
မကြာသေးမီက တိုက်ပွဲတွေ ပြန်စတင်လာတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်နိုင်သမျှ မြေ ပြင်မှာ အခြေအနေတည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ရပ်ကနေ ဆက် လက်ပါဝင်ဖို့ တရုတ်နိုင်ငံက ကတိပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဂန်ရှောင်က ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့တာပါ။
ရခိုင်ပဋိပက္ခဟာ မြန်မာ့ပြည်တွင်းရေးဖြစ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အချုပ် အခြာအာဏာကို လေးစားသမှုရှိဖို့နဲ့ ပါဝင်တဲ့အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
“မြန်မာရဲ့ အိမ်နီးချင်းတစ်ခုအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ တရုတ်နိုင်ငံက လမ်းကြောင်းအမျိုးမျိုးကနေ ငြိမ်းချမ်းရေးရရှိဖို့ ကြိုး စားနေပါတယ်” လို့ သူက ဆိုပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လက်ရှိမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေ ပြီး မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ချည်းကပ်မှုကို ထုတ်ဖော်ပြသခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ နက်ရှိုင်းသောဆက်ဆံမှုရှိပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုး တက်မှုနဲ့ သာယာဝပြောရေးအတွက် ကတိကဝတ်ပြုကြောင်း၊ ရခိုင်ပဋိပက္ခအတွက် ငြိမ်းချမ်းသောအ ဖြေရှာမယ့် ကြိုးပမ်းမှုမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ သူက ကတိပြုပါ တယ်။
ပဋိပက္ခကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ စိန်ခေါ်မှုတွေရှိနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးစီမံချက်ကို ဒေသတွင်းတိုင်းပြည်တွေနဲ့ ကုလသမဂ္ဂက ထောက်ခံတယ်လို့ ဂန်ရှောင်က ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့တာကို ဆန့်ကျင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရန်လို မုန်းတီးမှုတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကိုသာ ပိုမိုဆိုးရွားလာစေမယ်လို့ သူက ထောက်ပြပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ အာဆီယံအဖွဲ့ရဲ့ မရှိမဖြစ်အခန်းကဏ္ဍကိုလည်း ဂန်ရှောင်က ညွှန်ပြခဲ့ပြီး မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရာမှာနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရာမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုအတွက် ချီးကျူးလိုက်ပါတယ်။
ကိုးကား – Xinhua
Ref; China pledges constructive role in resolving Myanmar’s Rakhine State crisis