
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ် သို့ ပြောင်းရွှေ့ ရသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်အများစုသည် ရက္ခိုင့်တပ်တော်AAနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် သေဆုံးမှုနှင့် ဖမ်းဆီးခံရမှုများ ရှိနေသော်လည်းမိသားစု၀င် များကို အကြောင်းကြားခြင်းမရှိကြောင်း သိရသည်။
” ရခိုင်ကိုပြောင်းရတာ နှစ်နှစ်ရှိပြီ AAနဲ့တိုက်ပွဲဖြစ်ကတည်းက အဆက်အသွယ်ပြတ်သွားတာ လေးလကျော်ပြီ။ ဟိုရက်က သူတို့နဲ့ တစ်ဖွဲ့တည်း ရဲတစ်ယောက် က facebookမှာ သူကျသွားတယ်လို့တင်ထားလို့ တိုင်းရုံးကိုသွားမေးတာ ပျောက်ဆုံးနေတယ်လို့ပဲ ပြန်ပြောလို့
ခုထိသပိတ်သွပ်မပေးရသေးဘူး။ တစ်ကယ်ဆို အမှန်အတိုင်းအကြောင်းကြားပေးသင့်တယ်”ဟု ပုသိမ်မြို့နယ်မှ ရခိုင်ပြည်သို့ ပြောင်းရွှေ့ခံရပြီး အဆက်အသွယ်မရတော့သည့် ရဲမိသားစု၀င်တစ်ဦးမှ ဧရာ၀တိတိုင်းမ်ကိုပြောသည်။
ဧရာ၀တီမှ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ ရသည့် ရဲတပ်ဖွဲ့၀င်များကျဆုံး၊ အဖမ်းခံရမှုအများဆုံးမှာ ပုသိမ်မြို့နယ်တွင်တာ၀န်ကျခဲ့သော သူအများဆုံးဖြစ်ပြီး အနည်းဆုံး ခုနှစ်ဦးထက်
မနည်းကျဆုံးကာ ငါးဦးကျော်အဖမ်းခံရပြီး ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထဲမှသိရှိရသည်။
“AAကဖမ်းမိလို့ထုတ်ပြန်တဲ့အထဲမှာ ပုဏ္ဏားကျွန်းခရိုင်မှူး ဒုတိယရဲမှူးကြီးခင်မောင်စိုးဆိုတာ အရင်ပုသိမ်မြို့နယ်ရဲမှူး ကျသွားတာ၊ ရဲအုပ် ကျော်စိုးအောင် က ပုသိမ်
နယ်မြေ(အသည်ကြီး)စခန်းမှာ နယ်ထိန်းခေါင်းဆောင်လုပ်ခဲ့တာတော်တော်ကြာတယ်။ ကျတာတွေပုသိမ် ကပြောင်းတဲ့ လူ အများဆုံးပါတယ် မိသားစုတွေကို အကြောင်းကြားခြင်းလဲမရှိဘူး သေလားရှင်လားမသိရ ၊ရဲစခန်းတွေAAက ပိတ်ဆို့ခံထားရလဲစစ်ကူမလာဘူး။ ဘယ်သူ့မှအသေခံမတိုက်တော့ဘူးလက်နက်ချတာတွေဘင်္ဂလားဒေ့ဘက်ကို ထွက်ပြေးတာတွေပိုများလာတယ်”ဟု ရခိုင်ပြည်နယ်ရောက်ရှိနေသည့် ရဲတပ်ဖွဲ၀င်တစ်ဦးမှဘဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိတွင် ဧရာ၀တီတိုင်းမှ ရဲတပ်ဖွဲ့၀င်များ ကို ရခိုင် သို့ နှစ်စဥ်ပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး အပြောင်းအရွှေ့တွင်မပါ၀င်ရေးအတွက် လဘ်ငွေပေးခြင်းများပြုလုပ်ရပြီး အချို့ရဲတပ်ဖွဲ့အချို့ ထွက်ပြေးတိမ်းရှောင်ခြင်းများရှိလာကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
#ဧရာ၀တီ #ရခိုင် #ရက္ခိုင့်တပ်တော် #ရဲတပ်ဖွဲ့၀င် #တိုက်ပွဲတွင်သေဆုံး #အဖမ်းခံရမှုများ #မိသားစုများကိုအသိမပေး #Ayeyarwaddy_Times